မေမေဖြစ်သူရဲ့ အနုပညာအမွေကို လက်ခံရရှိထားတဲ့ တက်သစ်စအနုပညာရှင်လေးတစ်ဦးဖြစ်တဲ့ ဘုန်းမင်းနေလကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ သူကတော့ အနုပညာဘက်မှာ ပါရမီ ရှိရုံသာမကပါဘူး၊ ပညာရေးပိုင်းမှာလည်း ထူးချွန်သူလေးဖြစ်ပါတယ်။ ဘုန်းမင်းနေလကိုတော့ ၂၀၁၈ ခုနှစ်အတွက်ရွှေကြိုပြိုင်ပွဲ ဝင်မပြိုင်ခင်ကတည်းက ပရိသတ်တွေ သိရှိပြီးသားဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုပေးပွဲပြီးတဲ့ နောက်မှာတော့ သူဟာ TV ကြော်ငြာရိုက်ကူးရေးတွေ၊ ဇာတ်ကားရိုက်ကူးမှုတွေ ကို တစိုက်မတ်မတ် ဆောင်ရွက်လာရသူလည်း ဖြစ်ပါတယ်။


မိန်းကလေးတွေရဲ့ အသည်းကျော်လေးဖြစ်တဲ့ ဘုန်းမင်းနေလ ကတော့ ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ အသက်(၂၀) ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မေမေခင်ဇာခြည်ကျော်ကတော့ သူချစ်ရတဲ့ အသက်(၂၀) နှစ်ပြည့်ပြီဖြစ်တဲ့ သားကြီး ဘုန်းမင်းနေလအတွက် မွေးနေ့ဆုတောင်းစကားတွေ ပြောလာပဲ ဖြစ်ပါတယ်။


"Happy Birthday ပါ မေမေ့သားကြီးရေ
အသက် ၂၀ ပြည့်ပြီ နော် သားကြီးဘုန်းမင်း
အသက်ရှည် ကျန်းမာပြီး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ သားရေ ❤️❤️❤️
၆.၁၂.၂၀၂၁" ဆိုပြီးတော့ ဒီဇင်ဘာလ ၆ ရက်နေ့ မနက် ၁၂ နာရီကျော်က သူ့မရဲ့ လူမှုကွန်ယက် စာမျက်နှာထပ်မှာဆုတောင်းရေးသားခဲ့တာဖြစ်ပါတယ်။


Source : Khin Zarchi Kyaw's Facebook Acc