ချစ်သူသက်တမ်း (၉) နှစ် ကျော်တွဲခဲ့ကြပြီး လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ Weir နဲ့ Bella

//s9.kh1.co/b3/b3719c0dc17a8b95934dc589eea251bfee2e5d2b.jpeg
အနုပညာရှင်များ

 ၀၄-ဒီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူကြတာကြောင့် ....

ထိုင်းနိုင်ငံရဲ့ အနုပညာရှင် စုံတွဲတွေထဲမှာ CH7 ရဲ့ထိပ်တန်းမင်းသား Weir Sukollawat နဲ့ CH3 ရဲ့ထိပ်တန်းမင်းသမီး Bella Ranee တို့ အတွဲဟာလည်း နာမည်ကြီးပါပဲ။  ချစ်သူသက်တမ်း(၉) နှစ်ကျော် ရှိနေပြီဖြစ်တဲ့ Weir နဲ့Bella couple လေးဟာ စိတ်တူကိုယ်တူရှိလွန်းလို့ လက်ထပ်ဖို့အထိတောင် မိဘတွေနဲ့တောင် ဆွေးနွေးပြီးပြီး ဖြစ်ပါတယ်။

Photo Credit: Google 
Photo Credit: Google 
Photo Credit: Google 
Photo Credit: Google 

ဒါပေမယ့်လည်း စိတ်မကောင်းစွာနဲ့ပဲ Weir နဲ့ Bella  တို့ရဲ့ (၉) နှစ်ကျော်ကြာ အချစ်ရေးက လုံးဝ အဆုံးသတ်ပြီးဇာတ်သိမ်းသွားပြီ ဖြစ်ပါတယ်။ နိုဝင်ဘာလ (၃၀) ရက်နေ့က Bella က ပြည်တွင်း Event လေးတစ်ခုကို တက်ရောက်ခဲ့တာ ဖြစ်ပြီး Weir နဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ အကြောင်းအရာကို အင်တာဗျူးမှာဖြေကြားပေးသွားပါတယ်။ 

Photo Credit: Google 
Photo Credit: Google 
Photo Credit: Google 
Photo Credit: Google 

သူတို့နှစ်ယောက်လုံးရဲ့ လမ်းခွဲမှုက မှန်ကန်ကြောင်းနဲ့ ကြားလူကြောင့် လမ်းခွဲခဲ့ရတာမဟုတ်ကြောင်း အင်တာဗျူးပြောကြားသွားတာဖြစ်ပါတယ်။ သူမက " ပရိသတ်တွေ သိကြတဲ့အတိုင်း ကျွန်မတို့ နှစ်ယောက်က အချိန်တွေတော်တော်ကြာကြာဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူကြပါဘူး။ ဒါကြောင့် ကျွန်မတို့နှစ်ယောက် လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အသေးစိတ်သေသေချာချာ မပြောရတာကလည်း သူတို့နှစ်ယောက်ရဲ့ Privacy ကြောင့်ဖြစ်ပြီး နှစ်ယောက်လုံးက မ်ိတ်ဆွေသူငယ်ချင်းတွေအဖြစ် နေထိုင်သွားကြမှာ ဖြစ်ပြီး ပရိသတ်ရှေ့ကနေ ပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ 

Photo Credit: Google 
Photo Credit: Google 
Photo Credit: Google 
Photo Credit: Google 

Source : Thai Update

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T