ငယ်ငယ်က တီဗီမှာ ပြသခဲ့တဲ့ ကိုးရီးယားဇာတ်လမ်းတွဲ ဆောင်းဦးရွက်ကြွေချစ်သက်သေ ဇာတ်လမ်းတွဲလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ထို ဇာတ်လမ်းတွဲထဲက ပရိတ်သတ်တွေအသည်းစွဲကြိုက်နှစ်သက်ခဲ့ရတဲ့ မင်းသား ထယ်ဆောက်ကိုတော့ မေ့မရဖြစ်နေကြမှာအသေအချာပါပဲနော်။သူ့ရဲ့ နာမည်ကတော့ Kim Do Jin လို့ခေါ်တာဖြစ်ပြီး အနုပညာနာမည်ကတော့ Won Bin ပဲဖြစ်ပါတယ်။
သူဟာ (၁၉၉၇) ခုနှစ်မှာ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။(၂၀၀၀)ခုနှစ်မှာတော့ သူ့ကို တစ်ဆစ်ချိုးအောင်မြင်မှုရစေနိုင်ခဲ့တဲ့ Autumn In my Heart ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ထိုဇာတ်ကားမှစတင်ကာ ပရိတ်သတ်အားလုံးရဲ့ ချစ်ခင်အားပေးမှုကို အတိုင်းထက်အလွန်ရရှိခဲ့တဲ့ မင်းသားတစ်ဦးဖြစ်လာခဲ့ပါတယ်။သူဟာ အနုပညာလှုပ်ရှားမှုများကို (၂၀၁၀)ခုနှစ်အထိသာ လုပ်ကိုင်ခဲ့ပြီးလက်ရှိမှာ အနားယူထားတယ်လို့သိရပါတယ်။
သူ့ကိုတော့ တောင်ကိုးရီးယားနိုင်ငံ၌ (၁၀.၁၁.၁၉၇၇) မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။သူဟာ (၂၀၁၅)ခုနှစ်မှာ မင်းသမီး လီနာယောင်းနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သာလေးတစ်ယောက်နှင့်အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။သိပ်မကြာခင်က သူ့ရဲ့ ပုံအချို့ Social Media ပေါ်မှာ ပျံ့နှံ့လာခဲ့ပြီး (၄၄)နှစ်ပြည့်သွားခဲ့ပေမယ့် လုံးဝ အသက်ကြီးလာပုံမပေါ်တဲ့အတွက် ပရိတ်သတ်တွေက အလွန်ပဲအံအားသင့်နေကြတာဖြစ်ပါတယ်။ကလေးနှစ်ယောက်ရဲ့ဖေဖေ အသက်(၄၄)နှစ်အရွယ်ရှိတဲ့ ဦးရဲ့ ပုံရိပ်တွေကို အမှတ်တရကြည့်ရှုနိုင်အောင်ဖော်ပြလိုက်ရပါတယ်။