ကွယ်လွန်ခြင်း (၉) နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ဖခင်ဖြစ်သူကို နေ့စဉ်အမျှ သတိရလွမ်းဆွတ်ရကြောင်း စိတ်မကောင်းစွာ ပြောပြလာတဲ့ နိုင်လူ

//s9.kh1.co/65/658bf455e7fbdc42529fb14a9f3d4e9ff1364a9d.jpg
အနုပညာရှင်များ

 ၀၂-ဒီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

ဗီလိန်ဇာတ်ရုပ်တွေကို သဘာဝကျကျသရုပ်ဆောင်နိုင်တဲ့ လူကြမ်းသရုပ်ဆောင် နိုင်လူ ကိုတော့ ပရိသတ်အားလုံးက သဘောကျနှစ်ခြိုက်ပြီး အားပေးကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သလို သူကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ကြော်ငြာတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။ အလုပ်ကိုလည်း ကြိုးစားကာ လုပ်ကိုင်နေသူဖြစ်ပြီး မိသားစုအပေါ်မှာလည်း တာဝန် ကျေပွန်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo Credit - Naing lu
Photo Credit - Naing lu
Photo Credit - Naing lu
Photo Credit - Naing lu

နိုင်လူရဲ့ သမီးချောလေးကလည်း ပါးဖောင်းဖောင်း ဝဝကစ်ကစ်လေးနဲ့ ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေကလည်း ချစ်အားပိုခဲ့ရပါတယ်။ ဒါ့အပြင် နိုင်လူ ဟာ ကွယ်လွန်သွားပြီးဖြစ်တဲ့ သရုပ်ဆောင် ဦးကြူးမာရဲ့ သားတစ်ယောက်ဖြစ်တယ်ဆိုတာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါ။ ဒီကနေ့ ဒီဇင်ဘာလ (၂) ရက်နေ့မှာတော့ ဖခင်ဖြစ်သူ ဦးကြူးမာကွယ်လွန်ခဲ့ခြင်း (၉)နှစ်ပြည့်နေ့လေးရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

Photo Credit - Naing lu
Photo Credit - Naing lu
Photo Credit - Naing lu
Photo Credit - Naing lu
Photo Credit - Naing lu
Photo Credit - Naing lu

ဖခင်ကြီး ကွယ်လွန်ခြင်း (၉)နှစ်ပြည့်နေ့မှာပဲ နိုင်လူဟာ သတိရလွမ်းဆွတ်ရတဲ့အကြောင်းလေးကို အမှတ်တရပုံလေးတွေနဲ့အတူ ဝမ်းနည်းစွာ ပြောပြလာတာ တွေ့ရပါတယ်။ ဖခင်ဖြစ်သူကို သတိရကြောင်း ပြောထားခဲ့ရာမှာလည်း ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ နိုင်လူဟာ ဖခင်ရော မိခင်ပါ မရှိတော့တာကြောင့် မိဘနှစ်ပါးလုံးရှိတဲ့ သူများကိုလည်း ရှိနေတဲ့အချိန်လေးမှာ မိဘကျေးဇူး ဆပ်နိုင်ကြပါစေလို့လည်း ဆုတောင်းပေးထားခဲ့ပါတယ်။

Photo Credit - Naing lu
Photo Credit - Naing lu
https://s9.kh1.co/__image/w=600,h=1058,q=100/05/0570eac60e1f27eaa704da87fee9a52f04e203a7.jpg

သတင်း အရင်းအမြစ်Source - Naing lu

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T