မြန်မာကားတွေထဲမှာ လူကြမ်းအဖြစ်အမြဲပါဝင်နေရတဲ့ သရုပ်ဆောင် ကိုသန့်စင်ကတော့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ အတူ ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံး၊ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိတ်သတ်ကြီးတွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတာဖြစ်ပါတယ်။ အနုပညာလောကမှာ လူကြမ်းသရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တာ ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ 2020 လောက်ထဲက ကိုဗစ်လှိုင်းရိုက်ခေတ်မှုတွေကြောင့်ရော၊ 2021 ခုနှစ်မှာလဲ အာဏာသိမ်းမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် မြန်မာ့ရုပ်ရှင်ရိုက်ကူးရေးတွေကို အခုချိန်ထိကို ရပ်တည့်ထားရတာ ဖြစ်ပါတယ်။ အခုလိုရိုတ်ကူးရေးတွေ ရပ်နားထားတဲ့ အချိန်ကြီးမှာ ဝင်ငွေနည်းတဲ့ သရုပ်ဆောင်တွေလည်း မိသားစု စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။
အခုတစ်ခါမှာလည်း လူကြမ်းသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ကိုသန့်ဇင်ကတော့ ရိုက်ကူးရေးတွေ နားထားရချိန်မှာ ဝမ်းရေးအတွက် အဆင်ပြေအောင် ပန်းရံလုပ်ငန်းမှာ လုပ်ကိုင်နေပြီး ဘဝရပ်တည်နေရတာလည်းဖြစ်ပါတယ်။သူ့ရဲ့ လူမှုကွန်ယက်ထက်မှာလဲ " ဘယ်ရမလဲ လောကဓံရာ
ပန်းရံအလုပ်သမားခေါင်းဆောင်လုပ်လိုက်တာပေါ့ကွာ???
ပန်းရံသားပေါက် 9000ks
သန်လျက်ကိုင် 13000ks
သန်လျက်ကိုင်ဆိုတာ ဘုရင်ပြောတာမဟုတ်ဘူးနော်
အလုပ်လိုချင်ဆက်သွယ်လိုက်ပါ
ဖုံးပိတ်ထားတယ်???" ဆိုပြီး စနောက်ပြီး ရေးသားထားတာလဲ ဖြစ်ပါတယ်။
Source : Thant Sin YT's Facebook Acc