နိုင်ငံတကာ အနုပညာရှင်တွေနဲ့အပြိုင် Asian Amazing Culture & Community မှာ ဖော်ပြခံခဲ့ရတဲ့ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်

//s9.kh1.co/f4/f4fc654bf8191c218fd08e6268fb1e1daf21e0d6.jpeg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၁ ၈am · လွန်ခဲ့သော ၄ နှစ် က

အနုပညာအလုပ်တွေမလုပ်ဘဲနေတာတောင် ပြည်ပမှာ ထိုးဖောက်အောင်မြင်နေကြတာ

နိုင်ငံကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်တို့က အနုပညာလောကမှာအောင်မြင်မှုများစွာနဲ့ကိုယ်စီရပ်တည်နေကြသူတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်း ထိုင်းနိုင်ငံမှာ Fan Meeting ပြုလုပ်ရတဲ့အထိ အောင်မြင်တဲ့ ပိုင်တံခွန် က အနောက်တိုင်း နိုင်ငံတွေအထိပါ ပရိတ်သတ်တွေ အားပေးတာကို ခံခဲ့ရတဲ့ မင်းသားတစ်ဦးဖြစ်သလို ဝတ်မှုံရွှေရည်ကလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေခဲ့သူဖြစ်ပါတယ်။ 

Photo Credit: Google 
Photo Credit: Google 
Photo Credit: Google 
Photo Credit: Google 

မြန်မာ့ နွေဉီးတော်လှန်ရေးစတင်ခဲ့တဲ့ အချိန်ထဲက စတင်ပြီး အားကြိုးမာန်တက် လမ်းပေါ်ထွက်ပြီး တော်လှန်ကြတဲ့အနုပညာရှင်တွေထဲမှာ ပိုင်တံခွန်ရော ဝတ်မှုံရွှေရည်ရော အပါအဝင်ပါပဲ။ လက်ရှိမှာတော့ ပိုင်တံခွန်ဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းထောင်ထဲကိုရောက်ရှိနေသလို ဝတ်မှုံရွှေရည်ကလည်း နိုင်ငံရေးပဋိပက္ခတွေကြားမှာအနုပညာအလုပ်တွေကို ရပ်တံ့ထားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Google 
Photo Credit: Google 
Photo Credit: Google 
Photo Credit: Google 

 အနုပညာအလုပ်တွေမလုပ်ကိုင်တာ တစ်နှစ်နီးပါးရှိနေပြီဆိုပေမယ့် ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ အောင်မြင်မှုဟာ ဒီတစ်ခါမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအနုပညာရှင်တွေအဖြစ် ဖော်ပြခြင်းခံခဲ့ရပြန်ပါပြီ။  ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်က နိုင်ငံတကာ အနုပညာရှင်တွေနဲ့အပြိုင် Asian Amazing Culture & Community Facebook Group မှHandsome & Beautiful ရဲ့ အဓိပ္ပါယ်ကို နိုင်ငံအလိုက် ဘာသာစကားများနဲ့ ဖော်ပြခဲ့ရာ မြန်မာနိုင်ငံအနေနဲ့ ပိုင်တံခွန် နဲ့ ဝတ်မှုန်ရွှေရည် က ဖော်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Photo Credit: Asian Amazing Culture & Community Facebook Group 
Photo Credit: Asian Amazing Culture & Community Facebook Group 
Photo Credit: Google 
Photo Credit: Google 

Source: Asian Amazing Culture & Community Facebook Group 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T