မင်းသမီးချော Song Hye Kyo နှင့်တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့သော သူမရဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲများ

//s9.kh1.co/ca/cabb2039b84625c4e6462eeb3b191807685867e6.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၁ ၁၂am · လွန်ခဲ့သော ၂ နှစ် က

ပရိတ်သတ်တွေအရမ်းကိုချစ်ခင်အားပေးကြရတဲ့ မင်းသမီးချော Song Hye Kyo ဟာ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

တစ်ခေတ်တစ်ခါကသာ မက အခခုချိန်အထိ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်များ ၊ နုပျိုလှပမှုများနှင့် ပရိတ်သတ်ရင်ထဲ နေရာယူထားသူ တောင်ကိုးရီးယားမှ ထိပ်တန်းမင်းသမီးတစ်ဦးကို ပြောပါလို့ဆိုလာရင်တော့ သေချာပေါက် မင်းသမီး Song Hye Kyo ကိုပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။သူမဟာ (၁၉၉၆)ခုနှစ်မှစတင်ကာ အနုပညာလောကထဲစတင် ဝင်ရောက်လာခဲ့ပြီး လက်ရှိအချိန်အထိအနုပညာလောကမှာ ထိပ်တန်းစာရင်းဝင်မင်းသမီးတစ်ဦးအဖြစ်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ ပြသနေတဲ့ Now We are breaking up ဇာတ်လမ်းကြောင့် သူမဟာ ရှာဖွေခံရမှုအများဆုံး စာရင်းရဲ့ ထိပ်ဆုံးနေရာမှာရှိနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူမရဲ့ ခေတ်အဆက်ဆက်အောင်မြင်ကျော်ကြားခဲ့ဖူးတဲ့ ဇာတ်လမ်းတွဲတွေကို အမှတ်တရအနေနဲ့ဖော်ပြလိုက်ရပါတယ်။

1.Autumn In my Heart

မတော်တဆဝေးကွာခဲ့ရတဲ့ မောင်နှမနှစ်ဦး နှစ်ပေါင်းများစွာအကြာမှာပြန်လည်ဆုံတွေ့ရတဲ့အကြောင်းကို ဝမ်းနည်းစရာဇာတ်ဝင်ခန်းများနဲ့ ရိုက်ကူးပြသခဲ့တတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာ မင်းသား Song Seung Heon နှင့် Won Bin၊ မင်းသမီး Song Hye Kyo နှင့် Han Wi Lee တို့က အဓိကပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

2.Hotelier

ဒီဇာတ်လမ်းတွဲ ကိုတော့ မင်းသား Bae Yong Joon နှင့် Kim Seung Woo ၊ မင်းသမီး Song Hye Kyo နှင့် Song Yoon Ah တို့က အဓိကပါဝင်သရုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Seoul Hotel အမည်ရှိ Hotel နဲ့ ပတ်သက်တဲ့အရှုပ်တော်ပုံတွေအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

3.All in

ဒီဇာတ်ကားဟာတော့ ကာစီနိုလောင်းကစားလောကရှိ ပြိုင်ဘက်များအကြား ငွေ၊ အောင်မြင်မှုနှင့် အချစ်ကြောင့် ပြိုင်ဆိုင်မှုပြင်းထန်သော အားပြိုင်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ဒီဇာတ်လမ်းကိုတော့ မင်းသား Lee Byung Hun နှင့် Jin Goo ၊ မင်းသမီး Song Hye Kyo နှင့် Han Ji Min တို့က အဓိကပါဝင်သရုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

4.Full House

ဒီဇာတ်လမ်းတွဲမှာတော့ မင်းသား Jeong Ji Hoon ခေါ် Rain နှင့် Kim Sung Soo ၊မင်းသမီး Song Hye Kyo နှင့် Han Eun Jung တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ထိမိပေါ်လွင်အောင်ရိုက်ကူးပြသထားခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

5.Worlds Within

ဒီဇာတ်လမ်းတွဲဟာ တော့ ဒါရိုက်တာနှစ်ဦးအကြား ကိုယ်ရေးကိုယ်တာနှင့်အလုပ်အကြား ခွဲခြားထားရာမှ စတင်ဆုံတွေ့လာခဲ့တဲ့ ဖူးစာအကြောင်းကို အဓိကရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။အဓိက သရုပ်ဆောင်တွေအနေနဲ့ မင်းသား Hyun Bin နဲ့ မင်းသမီး Song Hye Kyo တို့က ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

6.That Winter , the wind blows

ဒီဇာတ်လမ်းတွဲမှာတော့ မင်းသား Jo In Sung နဲ့ မင်းသမီး Song Hye Kyo တို့နှစ်ဦးက အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။လောင်းကစားမက်သူနှင့် မျက်မမြင် နှစ်ဦးတို့အကြားက သံယောဇဉ်ငြိတွယ်လာပုံကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

7.Descendants of the sun

ဒီဇာတ်ကားဟာတော့ တောင်ကိုးရီးယားနိုင်ငံက ဗိုလ်ကြီးနဲ့ ဆရာဝန်မတို့အကြား ဖူးစာဆုံခဲ့ပုံအကြောင်း ကို ရိုက်ကူးပုံဖော်ထားတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာတော့ မင်းသမီး Song Hye Kyo နှင့် သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ မင်းသား Song Joon Ki  တို့ကအဓိကပါဝင်သရုပ်ဆောင်ထားခဲ့ကြတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

8.Encounter

ဒီဇာတ်လမ်းမှာတော့ မင်းသား Park Bo Gum နဲ့ မင်းသမီး Song Hye Kyo တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲဟာ မထင်မှတ်ပဲဆုံတွေ့လာခဲ့ရတဲ့အမျိုးသမီးနဲ့ပေါင်းစပ်နိုင်ဖို့အရာရာအကုန်စွန့်လွှတ်ခဲ့တဲ့လူငယ်လေးအကြောင်းအဓိကထားရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

9.Now we are breaking up

ဒီဇာတ်ကားဟာတော့ ဓာတ်ပုံဆရာမောင်လေးနဲ့ဖက်ရှင်ဒီဇိုင်နာ မမတို့အကြားက ဖူးစာအကြောင်းရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းဖြစ်ပြီး ဒီဇာတ်လမ်းမှာတော့ မင်းသား Jang Ki Yong နဲ့ မင်းသမီး Song Hye Kyo တို့က အဓိကအားဖြင့် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲကိုတော့ လက်ရှိမှာ ထုတ်လွှင့်ပြသနေဆဲဖြစ်ပြီး ကြည့်ရှုသူအများဆုံးအနေနဲ့ စံချိန်ချိုးနေတဲ့ ဇာတ်လမ်းတွဲဖြစ်ကြောင်းသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T