Leeteuk ရဲ့ အစ်မဖြစ်သူ Park In Young ဟာ မကြာသေးမီက လက်ထပ်ထားခဲ့တဲ့သူဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကို Super Junior အဖွဲ့ဝင်တွေက တတ်ရောက်ချီးမြှင့်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။
နိုဝင်ဘာလ ၂၈ ရက်နေ့မှာ Super Junior အဖွဲ့ဝင် Leeteuk က သူ့သူငယ်ချင်းတွေ အစ်မဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို အင်စတာဂရမ်အကောင့်မှာ ဝေမျှပေးခဲ့တာဖြစ်ပါတယ်။
Leeteuk က သူ့သူငယ်ချင်း Heechul ရဲ့ အစ်မ မင်္ဂလာပွဲမှာ MC လုပ်ပေးခဲ့သလိုမျိုး Kim Heechul ကလည်း Leeteuk ရဲ့ မင်္ဂလာပွဲမှာ MC လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။
Leeteuk ရဲ့ အစ်မ Park In Young ကလည်း Donghae နှင့် Eunhyuk တို့ သူမရဲ့မင်္ဂလာပွဲမှာ ဖျော်ဖြေပေးခဲ့တဲ့ Super Junior D&E ရဲ့ “Oppa, Oppa” ကို သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဝေမျှထားပါတယ်။ Leeteuk ရဲ့ အစ်မ မင်္ဂလာပွဲလေးဟာ Super Junior အဖွဲ့ဝင်တွေနဲ့ အရမ်းကို ပွဲစည်ပြီး ပျော်ဖို့ကောင်းခဲ့တဲ့ မင်္ဂလာပွဲလေး ဖြစ်ခဲ့တယ်ဆိုတာ ဗီဒီယိုလေးက သက်သေပြလို့နေပါတယ်။
Super Junior အဖွဲ့ဝင်တွေကိုယ်တိုင် မင်္ဂလာပွဲတတ်ပေးတာဆိုတော့ Leeteuk ရဲ့ အစ်မလည်း တော်တော်ဝမ်းသာနေခဲ့မှာပဲနော်… ပျော်စရာကောင်းလိုက်တာ ..