ချဲလ်ဆီးအသင်းခေါင်းဆောင် Cesar Azpilicueta ဆီကနေ မွေးနေ့ဆုတောင်းသဝဏ်လွှာ ရခဲ့တာကြောင့် အတိုင်းမသိပျော်ရွှင်နေတဲ့ အဆိုတော် Benjamin Sum

//s9.kh1.co/ad/ad9034ab9419deb6165d44a2b82d26729f5bba1e.jpeg
အနုပညာရှင်များ

 ၃၀-နို-၂၀၂၁ ၇am · လွန်ခဲ့သော ၄ နှစ် က

ထပ်တူ ဝမ်းသာရပါတယ် Benjamin လေးရေ

ချင်းတိုင်းရင်းသားလေး အဆိုတော် Benjamin ကတော့ Myanmar Idol season (4) ရဲ့ Top(3) finalists တစ်ယောက်ဖြစ်ပြီး သီချင်းတွေကို အကောင်းဆုံး သီဆိုနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒုတိယနှစ်အရွယ်သာရှိသေးတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင် အနုပညာ အရည်အချင်း ပြည့်ဝသူ ဖြစ်တဲ့အတွက် ပရိသတ်အများစုရဲ့ အားပေးဝန်းရံမှု ကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

Photo Credit : Benjamin Sum's Facebook Acc
Photo Credit : Benjamin Sum's Facebook Acc
Photo Credit : Benjamin Sum's Facebook Acc
Photo Credit : Benjamin Sum's Facebook Acc

Benjamin က အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာလည်း လူငယ်တစ်ယောက်ပီပီ ပါ၀င်အားဖြည့်နေတဲ့သူလည်းဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် တတ်နိုင်သရွေ့ကူညီပေးနေတဲ့သူလေးလဲ ဖြစ်ပါတယ်။နိုဝင်ဘာလ (၂၇)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် Benjamin ရဲ့ အသက် (၂၁)နှစ်ပြည့်မြောက်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ Benjamin ကတော့ သူ့ရဲ့မနေ့ကမွေးနေ့ရက်လေးအတွက် တကယ်ကိုဂုဏ်ယူဖွယ်ကောင်းလှတဲ့ မွေးနေ့လက်ဆောင်လေးတစ်ခုကို ရရှိခဲ့ပါသေးတယ်။ 

Photo Credit : Benjamin Sum's Facebook Acc
Photo Credit : Benjamin Sum's Facebook Acc
Photo Credit : Benjamin Sum's Facebook Acc
Photo Credit : Benjamin Sum's Facebook Acc

မွေးနေ့လက်ဆောင်လေးကတော့ ကမ္ဘာကျော်ဘောလုံးအသင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့Cesar Azpilicueta ကိုယ်တိုင်က ပေးပို့တဲ့ မွေးနေ့ဆုတောင်းသဝဏ်လွှာကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ Benjamin ကတော့ မွေးနေ့လက်ဆောင်လေးကို ရရှိခဲ့တဲ့အတွက် သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မွေးနေ့ဆုတောင်းသဝဏ်လွှာလေးနဲ့အတူ "soooooo happyyyyyyy

ChelseaFC? " ဆိုတဲ့ Caption လေးနဲ့ ဂုဏ်ယူစွာနဲ့ မျှဝေဖော်ပြထားခဲ့တာပဲ ဖြစ်ပါတယ်။ 

Photo Credit : Cesar Azpilicueta 's Facebook Acc
Photo Credit : Cesar Azpilicueta 's Facebook Acc
Photo Credit : Benjamin Sum's Facebook Acc
Photo Credit : Benjamin Sum's Facebook Acc
Photo Credit : Cesar Azpilicueta 's Facebook Acc
Photo Credit : Cesar Azpilicueta 's Facebook Acc

Source  : Benjamin Sum's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T