မွေးနေ့မှာ ဒါနကုသိုလ်များပြုလုပ်ကာ အလှူကျင်းပခဲ့တဲ့ မင်းသားချော အောင်မင်းခန့်

//s9.kh1.co/f3/f30f6b54ef35046a95171bf2995bc8640e3fc231.jpg
အနုပညာရှင်များ

 ၂၉-နို-၂၀၂၁ ၂am · လွန်ခဲ့သော ၄ နှစ် က

ပရိတ်သတ်တွေအရမ်းကိုချစ်ခင်အားပေးကြတဲ့မင်းသားချောလေး အောင်မင်းခန့်ဟာ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မင်းသားချော အောင်မင်းခန့် လို့ဆိုလာရင်တော့ ပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင်ချက်များ၊ ခန့်ညားကြည်လင်တဲ့ အသွင်အပြင်နဲ့ ပရိတ်သတ်တွေကိုလေးစားစွာဆက်ဆံတတ်မှုကြောင့် ပရိတ်သတ်ရင်ထဲနေရာယူထားကာ အားပေးမှုတွေကိုအပြည့်အဝသိမ်းပိုက်ထားတဲ့မင်းသားတစ်ဦးလို့ လူသိများကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

သူဟာ အနုပညာတွင်သာ အောင်မြင်ကျော်ကြားရုံသာမက ပရဟိတလုပ်ငန်းများတွက်လည်း စိတ်ပါလက်ပါနှင့်တက်ကြွစွာ ပါဝင်လှုပ်ရှားလေ့ရှိတာကြောင့် ပရိတ်သတ်တွေအကြား အောင်မြင်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။အနုပညာလှုပ်ရှားမှုမှာလည်း ဇာတ်လမ်းတွဲများနှင့် ဇာတ်ကားပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်အားပေးမှုကိုရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

နိုဝင်ဘာ (25)ရက်နေ့ကတော့ မင်းသား အောင်မင်းခန့်ရဲ့ (၃၁)နှစ်ပြည့်မွေးနေ့ဖြစ်ပြီး သူဟာ မွေးနေ့အတွက်ရည်ရွယ်ကာ ပရဟိတမိဘမဲ့ကျောင်း ကို ငွေကြေး နှင့် နို့မှုန့်နှင့်ကလေးအသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါတယ်။ဒါ့အပြင် ဂေဟာရှိ ကလေးငယ်များအား ဆံပင်ညှပ်ပေးခြင်း နှင့် လက်သည်းညှပ်ပေးခြင်း အစရှိတဲ့ ကုသိုလ်များကို သွားရောက်လှူဒါန်းကုသိုလ်ပြုခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T