ထွက်ပြေးပုန်းရှောင်ခဲ့ရတုန်းက ထိတ်လန့်မှုတွေကြား နေခဲ့ရပုံလေးကို ဖွင့်ဟထားရင်း သူ့ဘဝဖြစ်တည်မှုကို ထည့်သွင်းထားတဲ့ သီချင်းလေးပါ ဖော်ပြလာတဲ့ ကိုပေါက်

//s9.kh1.co/cb/cb96af142428c283fd715c73007c5ee64481bd3e.jpg
အနုပညာရှင်များ

 ၂၈-နို-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

စွယ်စုံရအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ ကိုပေါက်ကတော့ ပြည်သူ့ပရိသတ်တွေ လေးစားချစ်ခင်မှုတွေကို အပြည့်အဝ ရရှိခဲ့ပြီဖြစ်ပါတယ်။ ကိုပေါက်ဟာ ဖေဖော်ဝါရီ (၁)ရက်နေ့နောက်ပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေမှာတက်ကြွစွာပါဝင်ခဲ့ပြီး ပြည်သူတွေနဲ့အတူတစ်သားတည်း ရပ်တည်ပေးခဲ့တာပါ။ ယင်းနောက်မှာတော့ ၅၀၅(က)ဖြင့် အမှုစွဲဆိုခံပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် တိမ်းရှောင်နေရင်းကနေ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

Photo Credit - Aung Min Naing
Photo Credit - Aung Min Naing
Photo Credit - Aung Min Naing
Photo Credit - Aung Min Naing

အမှန်တရားဘက်ကနေရပ်တည်ဖို့ တန်ဖိုးရှိတဲ့ အရာတွေနဲ့ ချစ်ရတဲ့မိသားစုကို စွန့်လွှတ်ခဲ့ရပေမယ့် အမြဲဂုဏ်ယူနေရသူပါ။ လက်ရှိ လွတ်​မြောက်နယ်မြေရောက်ရှိတဲ့ အချိန်လေးမှာလည်း အလှူအတန်းလေးတွေ ပြုလုပ်နေသလို တတ်နိုင်တဲ့ဘက်ကနေလည်း ပြည်သူ့အကျိုးအတွက် လုပ်ဆောင်ပေးနေခဲ့ပါတယ်။ ယခုမှာလည်း ကိုပေါက်ကတော့ သူဖမ်းဝရမ်းထုတ်ခံရတဲ့ နောက်ပိုင်း ရှောင်ပုန်းနေရတဲ့ နေ့တွေမှာ စိုးရိမ်ထိတ်လန့်မှုတွေကြား ရှင်သန်နေခဲ့ရပုံလေးကို ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit - Aung Min Naing
Photo Credit - Aung Min Naing
Photo Credit - Aung Min Naing
Photo Credit - Aung Min Naing

ဒါ့အပြင် ခက်ခဲစွာ ရှောင်ပုန်းနေရင်း သူ့ဘဝဖြစ်တည်မှုကို ထည့်သွင်းရေးဖွဲ့ထားတဲ့"မုန်တိုင်းရှိရာ ရဲ့ဖြစ်တည်ရာ" သီးချင်းလေးကိုလည်း ဖော်ပြထားပါသေးတယ်။ ဒီသီချင်းလေးကတော့ သူတွေ့ကြုံခဲ့ရတဲ့ ဘဝတွေ နဲ့အရင်းတည်ပြီး စိမ့်ထွက်လာတဲ့ သွေးတွေနဲ့ရေးဖွဲ့ထားခဲ့တဲ့ သီချင်းလေး ဖြစ်တာကြောင့် ပရိသတ်တွေလည်း နားထောင်လို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=1435,q=100/dc/dc707a5d429848cc2b237b0d90a6d06824e00ec2.jpg

သတင်း အရင်းအမြစ်Source - Aung Min Naing

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T