ရင်သွေးလေးကို ဆုံးရှုံးလိုက်ရပြန်ပြီဖြစ်ပေမယ့် ဇနီးဖြစ်သူ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ အနားမှာရှိနေဖို့က ပိုအရေးကြီးဆုံးပါဆိုတဲ့ ဘုန်းလျှံ

//s9.kh1.co/a3/a37be3d3631eb20b3487f867d2105c9b9d7ab5aa.jpg
အနုပညာရှင်များ

 ၂၈-နို-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

ဗီဒီယိုခေတ်ကာလကတည်းက အောင်မြင်မှုရရှိလာခဲ့တဲ့ အနုပညာတွေထဲမှာ မင်းသား ဘုန်းလျှံလည်း အပါအဝင်ဖြစ်ပါတယ်။ ဘုန်းလျှံဟာ ပြစ်ဒဏ်ကျရာကနေ လွှတ်မြောက်လာတဲ့အချိန်မှစပြီး ယနေ့အချိန်ထိ စိတ်သစ်လူသစ်နဲ့ ဘဝကိုရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သစ္စာရှိရှိ နားလည်မှုပေးပြီး စောင့်ဆိုင်းနေခဲ့တဲ့ ချစ်သူနဲ့ လည်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ထားတာ ဖြစ်ပါတယ်။

Photo Credit - Bhone Hlyan
Photo Credit - Bhone Hlyan
Photo Credit - Bhone Hlyan
Photo Credit - Bhone Hlyan

လိုက်ဖက်လွန်းလှတဲ့ ဇနီးမောင်နှံတွေ ဖြစ်တာနဲ့အညီ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာကြောင့် ပရိသတ်တွေကလည်း အားကျနေရတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတော့ ဘုန်းလျှံဟာ ဇနီးချောလေးဆီမှာ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့အတွက် ဖခင်တစ်ယောက်ဖြစ်လာတော့မယ်ဆိုတဲ့ ခံစားချက်တွေနဲ့ ဝမ်းသာပျော်ရွှင်ကာ ပရိသတ်တွေကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

Photo Credit - Bhone Hlyan
Photo Credit - Bhone Hlyan

ယခုမှာတော့ ကလေးယူချင်တဲ့ ဘုန်းလျှံတို့ ဇနီးမောင်နှံတို့ရဲ့ စိတ်မကောင်းစရာ အဖြစ်လေးကို ကြားသိရပါတယ်။ ဒါကတော့ အသက်ဝင်လာနေပြီဖြစ်တဲ့ သူတို့ရဲ့ ရင်သွေးလေးဟာ ပျက်ကျသွားခဲ့ပြီလို့ ဘုန်းလျှံရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ ဘုန်းလျှံကတော့ ကလေးရဖို့ကံမပါသေးလို့ စိတ်မကောင်းဖြစ်နေပေမယ့် ဇနီးဖြစ်သူ ကျန်းမာရေးကောင်းမွန်နေဖို့နဲ့ အနားမှာ ပျော်ပျော်ရွှင်ရွှင်ရှိဖို့ရာ ပိုအရေးပါတယ်ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေကလည်း ရင်သွေးလေးပျက်ကျသွားမှုအတွက် စိတ်မကောင်းဖြစ်နေတဲ့ ဘုန်းလျှံတို့ဇနီးမောင်နှံနှစ်ယောက်ကို အားပေးစကားလေးတွေပြောပေးခဲ့ပါဦး။

https://s9.kh1.co/__image/w=600,h=497,q=100/24/24de128bd82b57b5e2a7cb03100a1c8e9e5fb79a.jpg

သတင်း အရင်းအမြစ်Source- Bhone Hlyan

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T