2021 ခုနှစ်အတွက် Golden Joystick Award ဆုရှင်များ

//s9.kh1.co/57/573abb864f09191e7a3ce0e9ee889b4bc3cda12b.jpg
E-Sports

 ၂၇-နို-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

Golden Joystick Award ဆုဟာ UK မှာကျင်းပတဲ့ ဂုဏ်သိက္ခာအရှိဆုံး ဂိမ်းဆုပေးပွဲတွေထဲကတစ်ခုဖြစ်ပြီး ဒီအပတ်ထဲမှာ ကျင်းပသွားတာက 2021 ခုနှစ်အတွက်ပွဲပါ 

နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးဂိမ်းတွေ အကောင်းဆုံး Hardware တွေ ကစားသူတွေအတွက် အံ့သြစရာတွေကို ကျင်းပပေးကြပါတယ် ထပ်ပြီးတော့ အကောင်းဆုံး “Ultimate” ဂိမ်းတွေနဲ့ Hardware တွေကိုလည်း ဂုဏ်ပြုပေးကြပါတယ်

credit to CapCom
credit to CapCom

Capcom,Square Enix နဲ့ FromSoftware တို့အတွက် တကယ့်ညကြီးဖြစ်ခဲ့ပါတယ် Resident Evil:Village က ဒီနှစ်ရဲ့ Ultimate Game ဆုအပြင် တခြားဆုတွေကိုပါ ရရှိခဲ့လို့ပါ Elden Ring က ကစားသမားတွေအလိုချင်ဆုံးဆုကို ရရှိခဲ့ပြီး Dark Soul ကတော့ တစ်သက်တာအကောင်းဆုံး Ultimate Game ဆုကို ရရှိခဲ့ပါတယ် Final Fantasty 14 ကတော့ ဆုနှစ်ခုရရှိခဲ့ပြီး Deathloop ကတော့ ဝေဖန်ရေးသမားတွေ ရွေးချယ်တဲ့ဆုကို ရရှိခဲ့ပါတယ် 

2021 ရဲ့ Joystick Award Winner တွေကတော့ အောက်က စာရင်းအတိုင်းပဲဖြစ်ပါတယ် 

  • အကောင်းဆုံးဇာတ်လမ်းဆု – Life is Strange: True Colors
  • အကောင်းဆုံး Multiplayer ဂိမ်း – It Takes Two
  • အသံပိုင်းအကောင်းဆုံးဂိမ်း – Resident Evil: Village
  • အကောင်းဆုံးဂိမ်းဒီဇိုင်း – Ratchet and Clank: Rift Apart
  • အကျယ်ပြန့်ဆုံးဂိမ်း – Ghost of Tsushima: Iki Island Expansion
  • နှစ်တစ်နှစ်ရဲ့ အကောင်းဆုံး Mobile ဂိမ်း – League of Legends: Wild Rift
  • အကောင်းဆုံး ဂိမ်း Hardware – PS5
  • အကောင်းဆုံး အလွတ်ဂိမ်း– Death’s Door
  • နှစ်တစ်နှစ်ရဲ့ အကောင်းဆုံး စတူဒီယို– Capcom
  • အကောင်းဆုံး သရုပ်ဆောင် – Maggie Robertson (Lady Dimitrescu)
  • ဖောက်ထွက်နိုင်မူဆု– Housemarque
  • အကောင်းဆုံး ဂိမ်းအဖွဲ့အစည်း – Final Fantasy 14
  • ဆော့နေကြဆဲဂိမ်းဆု – Final Fantasy 14
  • အကောင်းဆုံး PC ဂိမ်း – Hitman 3
  • အကောင်းဆုံး Nitendo ဂိမ်း – Metroid Dread
  • အကောင်းဆုံး X Box ဂိမ်း– Psychonauts 2
  • အကောင်းဆုံး PS ဂိမ်း– Resident Evil Village
  • အလိုချင်ခံရဆုံးဂိမ်း – Elden Ring
  • ဝေဖန်ရေးသမားများရွေးချယ်မူ– Deathloop
  • Ultimate ဂိမ်းဆု– Resident Evil Village
  • Ultimate Hardware ဆု– PC
  • တစ်သက်တာ Ultimate ဂိမ်းဆု – Dark Souls
Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T