သားဖြစ်သူ "ရေမွန်"ရဲ့ ငယ်ငယ်ထဲက ခံယူချက်ကြီးကြောင်းကို ကလေးဘဝကပုံလေးနဲ့အတူပြန်လည်ပြောပြလာတဲ့ ခင်မြတ်မွန်

//s9.kh1.co/ec/ecb64d3e2d1eb06846b85f87548f539e79ca1ad7.jpeg
အနုပညာရှင်များ

 ၂၇-နို-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

ခုချိန်သာ သူရှိနေရင်..တောထဲမှာဘဲ ဖိုက်နေမလား..?

နာမည်ကျော် Idiots band ရဲ့ အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ တေးရေး ၊ တေးဆို ဂီတပညာရှင်၊ အဆိုတော်မွန်ကွယ်လွန်သွားခဲ့တာ ၅ လ တောင်ကျော် ခဲ့ပါပြီ။ အဆိုတော်ရေမွန်ကတော့ လူထုတော်လှန်ရေးကြီးမှာ ယုံကြည်ချက်ခိုင်မာစွာနဲ့ အမှန်တရားဘက်ကရပ်တည်ခဲ့ပြီး လွတ်မြောက်နေရာ တစ်နေရာမှာ စစ်သင်တန်းတတ်ရင်းကျန်းမာရေးကြောင့် ကွယ်လွန်သွားခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit: Wai Mon Oo’s Facebook Acc
Photo Credit: Wai Mon Oo’s Facebook Acc
Photo Credit: Khin Myat Mon’s Facebook Acc
Photo Credit: Khin Myat Mon’s Facebook Acc

အဆိုတော်ရေမွန်ဟာ အနုပညာ ပါရမီပါပြီး အရမ်းကို တော်တဲ့လူ တစ်ယောက်ဖြစ်တာကြောင့် ကွယ်လွန်သွားချိန်မှာ ပရိသတ်တွေက များစွာ ယူကြုံးမ ရဖြစ်ခဲ့ကြပါတယ်။ မနေ့က သူ့ (၃၃) နှစ်ပြည့် မွေးနေ့လေးမှာလဲ မိသားစုတွေရော Fan တွေ ပရိသတ်တွေအကုန်လုံးကပါ သတိတရရှိစွာနဲ့ မွေးနေ့ဆုတောင်းလေးတွေ ပြုလုပ်ပေးခဲ့ကြသလို အလှုဒါနတွေလည်း ပြုလုပ်ပေးခဲ့ကြပါသေးတယ်။ 

Photo Credit: Khin Myat Mon’s Facebook Acc
Photo Credit: Khin Myat Mon’s Facebook Acc
Photo Credit: Khin Myat Mon’s Facebook Acc
Photo Credit: Khin Myat Mon’s Facebook Acc

သူမရှိတော့ပေမယ့် သူ့ကိုချစ်ကြတဲ့သူတွေရဲ့ နှလုံးသားထဲမှာတော့ အမြဲတမ်းရှင်သန်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ မနေ့ကလည်း အမေဖြစ်သူ အန်တီခင်မြတ်မွန်က သားဖြစ်သူ "ရေမွန်"ရဲ့ ငယ်ငယ်ထဲက ခံယူချက်ကြီးကြောင်းကို ပုံလေးနဲ့အတူပြန်လည်ပြောပြလာတာပဲ ဖြစ်ပါတယ်။ 

Photo Credit: Khin Myat Mon’s Facebook Acc
Photo Credit: Khin Myat Mon’s Facebook Acc

ရေမွန်ရဲ့ ငယ်ငယ်က ပုံလေးနဲ့အတူ " တွတ်ပီ..ငယ်ငယ်ထဲကဒီလို

ခံယူချက်ကြီးမားတာ ???

အင်းးး

ခုချိန်သာ သူရှိနေရင်..

သေချာတယ်

တောထဲမှာဘဲ ဖိုက်နေမလား..?

မြို့ပြ mission မှာဘဲ

ပါဝင်လှုပ်ရှားနေမလား...?" ဆိုပြီး သတ်ိတရရှိစွာနဲ့ သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit: Khin Myat Mon’s Facebook Acc
Photo Credit: Khin Myat Mon’s Facebook Acc
Photo Credit: Khin Myat Mon’s Facebook Acc
Photo Credit: Khin Myat Mon’s Facebook Acc

Source : Khin Myat Mon’s Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T