ဒီကနေ့ဟာ ကြွေလွင့်ကြယ်ပွင့်ဖြစ်တဲ့ မင်းသား ဘရုစ်လီ ရဲ့ မွေးနေ့ဖြစ်ပါတယ်

//s9.kh1.co/fe/feefbe46b41a56fa8a45b5fb38cb4bc23ebc7fee.jpg
အနုပညာရှင်များ

 ၂၇-နို-၂၀၂၁ ၁၂am · လွန်ခဲ့သော ၂ နှစ် က

ကိုယ်ခံပညာနှင့် ပတ်သက်တဲ့ ရုပ်ရှင်တွေမှာ နာမည်ကျော်ကြားခဲ့တဲ့ မင်းသားကြီး ဘရုစ်လီဟာ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ကိုယ်ခံပညာနှင့် ပတ်သက်တဲ့ ဇာတ်ကားကောင်းများတွင် နာမည်ကျော်ကြားလူကြိုက်များခဲ့ကာ ပရိတ်သတ်ရင်ထဲ အခုချိန်ထိ နေရာယူထားခဲ့တဲ့ အနုပညာရှင်ကတော့ မင်းသားကြီး ဘရုစ်လီပဲဖြစ်ပါတယ်။မင်းသားကြီး ဘရုစ်လီဟာ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတိုင်းမှာ ပီပြင်ပိုင်နိုင်တဲ့အပြင် သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေအနေနဲ့ ချစ်ခင်အားပေးခဲ့ကြတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

သူဟာ ကိုယ်ခံပညာကို (၁၉၅၄)ခုနှစ်မှာ စတင်သင်ကြားခဲ့တာဖြစ်ပြီး ကိုယ်ခံပညာနှင့်ပတ်သက်တဲ့ ဇာတ်ဝင်ခန်းများတွင် လူစားထိုးသရုပ်ဆောင်ခြင်းလုံးဝမရှိပဲ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ (၁၉၇၀)ဝန်းကျင်ကနာမည်ကျော်ကြားခဲ့တဲ့ရုပ်ရှင်အချို့ဖြစ်တဲ့ Enter The Dragon , The Big Boss နဲ့ Fist of Fury and Way of the Dragon တို့တွင် ရုပ်ရှင်ထုတ်လုပ်သူအဖြစ် ကိုယ်တိုင်တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

သူ့ကို (၁၉၄၀) ခုနှစ် နိုဝင်ဘာ(၂၇)ရက်နေ့တွင် မွေးဖွားခဲ့ပြီး (၁၉၇၃) ခုနှစ် ၊ ဇူလိုင် (၂၀) ရက်နေ့ အသက်(၃၂)နှစ်အရွယ် တွင် ကွယ်လွန်ခဲ့ပါတယ်။လက်ရှိမှာသာ မင်းသားကြီးအနေနဲ့ သက်ရှိထင်ရှားရှိနေခဲ့မယ်ဆိုလျှင် အသက်(၈၁)နှစ်အနေနဲ့ရှိနေမှာဖြစ်ပါတယ်။ ပရိတ်သတ်တွေအနေနဲ့ မင်းသားကြီး ဘရုစ်လီကို အမှတ်ရဖွယ်ရေးသားဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T