Mobile ပေါ်မှာပဲ အလွယ်တကူ ကစားလို့ရတဲ့ Marvel ရဲ့ Marvle Future Revolution

//s9.kh1.co/68/68efb45749db8f156f6452c019b1ed9febd04e14.jpg
E-Sports

 ၂၆-နို-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ရုပ်ရှင်ဇာတ်ကားတွေနဲ့ MCU ကြီးတစ်ခုလုံးကို တည်ဆောက်ထားတဲ့ Marvel ဟာ Platform မျိုးစုံပေါ်မှာ Game အမျိုးအစားပေါင်းများစွာ ထုတ်လုပ်ထားခဲ့ပါတယ် အခုတင်ဆက်ပေးမှာကတော့ အဲ့ဒီဂိမ်းတွေထဲက Mobile ပေါ်မှာဆော့လို့ရတဲ့ RPG Open World Game တစ်ခုဖြစ်ပါတယ် 

ကိုရီးယားဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Netmarble ကထုတ်တဲ့ Marvel Future Revolution အမည်ရဂိမ်းပါ Marvel Mystery Panel မှာ 2020 အစောပိုင်းက စတင်မိတ်ဆက်ခဲ့ပြီး နောက်တစ်နှစ်လောက်အကြာမှာတော့ Android အတွက်ရော IOS အတွက်ရော Pre-register စဖွင့်ပေးခဲ့ပါတယ်

photo credit
photo credit

August လ 25 ရက် 2021 ခုနှစ်မှာ စတင်ဖြန့်ချီခဲ့ပြီး Playstore နဲ့ App store ပေါ်မှာ Free Download ရယူလို့ရပါတယ် ကစားသူဟာ Hero တစ်ယောက်နေရာက ကစားရမှာဖြစ်ပြီး ရန်သူတွေနဲ့ တခြားဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို တိုက်ခိုက်ရမှာဖြစ်ပါတယ် Omega Flight ဆိုတဲ့ အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်အနေနဲ့ Super Villian တွေကို တိုက်ခိုက်ပြီး Universe ကြီးကို ကာကွယ်ရမှာပါ ကစားလို့ရတဲ့ Hero တွေကတော့ MCU ထဲက Hero တွေပဲဖြစ်ပြီး Hero တော်တော်များများကို ကစားလို့ရပါတယ် ဂိမ်းထဲမှာ တခြား multiverse ထဲက Hero တွေကိုပါ လိုက်စုစည်းရမှာ ဖြစ်တာကြောင့် Costume ခပ်လန်းလန်းတွေကိုလည်း တွေ့မြင်ရမှာပါ Marvel ရဲ့  ပထမဆုံးသော Open World RPG Game ဖြစ်ပါတယ်

photo credit
photo credit

MCU ထဲမှာ ဇာတ်ကားတစ်ကားအသစ်ထွက်တိုင်းလည်း ဂိမ်းထဲမှာပါ ဇာတ်ကောင်အသစ်တွေကို Update ပေးလေ့ရှိပါတယ် လက်ရှိ Gameplay မှာ Mode တွေအနေနဲ့ကတော့ လူလေးယောက်အသင်းတစ်ခုနဲ့ Super Villian တွေရင်ဆိုင်ကြမဲ့ Blitz Mode လူတွေကိုကာကွယ်ပေးတဲ့နေရာကနေ ဆော့ရမဲ့ Special Operation Mode တခြား Hero တွေနဲ့ပါအတူတူ တွဲဆော့ပြီး ပစ်မှတ်ကိုဖျက်စီးရမဲ့ Raid Mode Super Hero အသင်းနှစ်ခု ရင်ဆိုင်ကြမဲ့ Omega War Mode နဲ့ တစ်ယောက်ချင်းစီ Dimensional Duel Mode တို့ဖြစ်ပါတယ် လက်ရှိ Super Villian Boss ကတော့ MCU မှာပဲ အရမ်းကြမ်းထားတဲ့ Thanos ပါ ဂိမ်းကိုဆော့မယ်ဆို အင်တာနက် connection ကောင်းကောင်းတစ်ခုတော့ လိုအပ်မှာဖြစ်ပါတယ် 

photo credit
photo credit

Mobile ပေါ်မှာပဲ အလွယ်တကူဆော့လို့ရတဲ့ ဂိမ်းလည်းဖြစ် Graphic ကောင်းကောင်း Soundtrack ကောင်းကောင်းနဲ့ Open World Game လည်းဖြစ်တာကြောင့် Marvel Fan တွေအတွက် စိတ်ကျေနပ်စရာ ဂိမ်းကောင်းတစ်ခုဖြစ်မှာပါ Requirment အနေနဲ့ကလည်း Android အတွက်ဆို Ram 3GB IOS အတွက်ဆို IOS 11 နဲ့အထက်ပဲလိုအပ်တာကြောင့် သိပ်မဝန်ကြီးလှပါဘူး ခုဆို MCU ဇာတ်ကားတွေမှာ Multiverse တွေကိုပါ စမိတ်ဆက်နေပြီ ဖြစ်တာကြောင့် ဒီဂိမ်းကိုဆော့ရင်းနဲ့ MCU ရဲ့ Mutiverse ကိုထိတွေ့ရမဲ့အပြင် အရင် MCU ကားတွေရဲ့ အ‌ငွေ့အသက်တွေပါ ပါဝင်နေတာကြောင့် ဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T