ထိုင်းနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်တဲ့ Baifern Pimchanok ထိုင်းနိုင်ငံမှာရော မြန်မာနိုင်ငံမှာပါလျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ ကြယ်ပွင့်လေး ဖြစ်ပါတယ် ။ တရုတ်-ထိုင်း ကပြားမင်းသမီး လေးဖြစ်တဲ့Baifern က ချောမောလှပပြီး ပီပြင်အသက်ဝင်လွန်းတဲ့ အနုပညာအရည်အချင်းတွေကြောင့် အခုအချိန်အထိအောင်မြင်မှုရနေတာ ဖြစ်ပါတယ် ။


Baifern က မိသားစုမှာ သမီးအကြီးဆုံးဖြစ်ပြီး သူမမှာ မောင်လေးတစ်ယောက်ရှိသေးတာလည်း ဖြစ်ပါတယ် ။ဖေဖေနဲ့မေမေတို့ဆီကနေ အခုချိန်အထိ ဂရုစိုက်မှုတွေရပြီး အချစ်ခံနေရတဲ့ Baifern ရဲ့အပြုအမူလေးတွေကတော့အရမ်းချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ် ။

Sweet family လေးကို ပိုင်ဆိုင်ထားတဲ့ Baifern လေးရဲ့ ဖေဖေနဲ့ မေမေကလည်း ချောမောလှပပြီး အခုထိကိုအရွယ်တင် နုပျိုနေတာပဲ ဖြစ်ပါတယ်။ ပျော်ရွှင်စရာ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ ထိုင်းမင်းသမီးချောလေးBaifernလေးနဲ့ ဖေဖေ၊မေမေတို့ရဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။










