အလုပ်တွေအကုန်ပစ်ပြီး ချစ်သူကောင်လေးနှင့်လျှောက်လည်နေတယ်ဆိုတဲ့ ကိစ္စနှင့်ပတ်သတ်ပြီး မင်းသမီး Honey Lee ရဲ့ အေဂျင်စီဘက်မှ သတင်းတစ်ခုထုတ်ပြန်

//s9.kh1.co/5b/5b815096ab1c936d1a7ebf0ac641dc4752126b8a.jpg
အနုပညာရှင်များ

 ၂၆-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

အလုပ်တွေအကုန်ပစ်ပြီး ချစ်သူကောင်လေးနှင့်လျှောက်လည်နေတယ်ဆိုတဲ့ ကိစ္စနှင့်ပတ်သတ်ပြီး မင်းသမီး Honey Lee ရဲ့ အေဂျင်စီဘက်မှ သတင်းတစ်ခုထုတ်ပြန်

တောင်ကိုရီးယားမင်းသမီး Honey Lee တစ်ယောက်ချစ်သူကောင်လေးနှင့်အတူ အမေရိကားကို ခရီးထွက်ခဲ့တယ်ဆိုတဲ့ ကိစ္စနှင့်ပတ်သတ်ပြီး အေဂျင်စီဘက်က ကြေညာချက်တစ်ခုထုတ်ပြန်ပေးခဲ့ပါတယ်။နိုဝင်ဘာလ ၂၆ ရက်နေ့ “One the Woman” ဇာတ်ကားရိုက်အပြီးမှာ တောင်ကိုရီးယားမင်းသမီး Honey Lee ဟာ သူမရဲ့ ချစ်သူကောင်လေးနဲ့ အမေရိကားကို ခရီးထွက် သွားခဲ့တယ်လို့သိရပါတယ်။။ ကောင်လေးနဲ့ခရီးထွက်နေတာကြောင့်  မင်းသမီး Honey Lee တစ်ယောက် “One the Woman” အတွက် နောက်ဆုံး အင်တာဗျူးတွေမှာ မပါလာခဲ့တာလို့ သတင်းတွေလည်း ထွက်ရှိလာခဲ့ပါတယ်။

Google
Google

ဒီကိစ္စနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို အေဂျင်စီဘက်ကို မေးကြည့်တဲ့အခါမှာလည်း အေဂျင်စီဘက်က ငြင်းလည်းမငြင်းသလို အတည်လည်း မပြုထားတဲ့ ထုတ်ပြန်ချက်မျိုး ကြေညာပေးထားပါတယ်။

“ဒီကိစ္စက Honey Lee ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့ မရှင်းပြပေးနိုင်ပါဘူး။ အားလုံးကို နားလည်ပေးဖို့အတွက် တောင်းဆိုလိုပါတယ် ခင်ဗျာ”

Google
Google

ဒီနှစ်အစောပိုင်းတုန်းကလည်း Saram အင်တာတိန်းမန့်ဘက်က Honey Lee က လက်ရှိမှာ အနုပညာလောကကမဟုတ်တဲ့ အပြင်လူတစ်ယောက်နဲ့ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုရှိနေကြောင်း အတည်ပြုပေးထားပါသေးတယ်။

Google
Google

တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး Honey Lee ဟာ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး Global Miss Universe 2007 ပြိုင်ပွဲမှာ 3rd runner-up ဆုရရှိခဲ့တဲ့သူဖြစ်ပါတယ်။ သရုပ်ဆောင်လောကမှာလည်းနာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပြီး သူမပါဝင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေလည်း အများကြီးပါပဲ။ လက်ရှိမှာတော့ တောင်ကိုရီးယားမင်းသမီး Honey Lee ဟာ အလုပ်တွေ အကုန်ပစ်ပြီး အနုပညာလောကက မဟုတ်တဲ့ ချစ်သူကောင်လေးနှင့် အမေရိကားကို ရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်နေတာပဲဖြစ်ပါတယ်။

Honey Lee ဟာတောင်ကိုရီးယားမင်းသား Yoon Kye-sang နှင့် ၇ နှစ်ကြာတွဲခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ Honey Lee ရော Yoon Kye-sang ရော ချစ်ရသူကိုယ်စီနှင့် ဖြစ်သွားကြပါပြီ။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T