Mortal Kombat မှာပါဝင်လာနိုင်တဲ့ Neo နဲ့ John Wick ဇာတ်ကောင်တွေအတွက် Keanu Reeves ရဲ့သဘောထား

//s9.kh1.co/e2/e217e4d47ca8a86e2d684349a38307888bc9ff6d.jpg
E-Sports

 ၂၆-နို-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

The Matrix ဇာတ်ကားထဲက Neo ဆိုတဲ့ဇာတ်ကောင် John Wick ဇာတ်ကောင်နေရာတွေမှာ ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသားကြီး Keanue Reeves ကိုဆို မသိသူရှိမှာ မဟုတ်ပါဘူး 

လူချစ်လူခင်ပေါများပြီး ဇာတ်ကောင်တွေကိုပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသားကြီးက ဂိမ်းတွေနဲ့ စိမ်းသူတစ်ဦးလည်း မဟုတ်ပါဘူး သူ့ရဲ့ ဇာတ်ကောင်တွေ ဂိမ်းတွေထဲမှာ ပါလာရင် အရမ်းမိုက်မှာပါ ဒါပေမဲ့ သူရဲ့ဇာတ်ကောင်တွေနဲ့ ကွက်တိမကျလောက်မဲ့ ဂိမ်းတစ်ခုကို သူပြောပြသွားခဲ့ပါတယ် 

အဲ့ဒီ့ဂိမ်းကတော့ Mortal Kombat ပါ MK လိုအရမ်းမိုက်တဲ့ ဂိမ်းတစ်ခုထဲမှာ ဒီလို အကြမ်းအရမ်းဇာတ်ကောင်တွေ မထည့်စေချင်ဘူးဆိုတော့ ဘာလို့များပါလိမ့်

photo credit
photo credit

သူပြောခဲ့တာကတော့ Neo ဇာတ်ကောင်ကိုရော John Wick ဇာတ်ကောင်ကို‌ရော ဒီဂိမ်းထဲမှာ မပါစေချင်တာက သူ MK ကိုမကြိုက်လို့တော့ မဟုတ်ပါဘူး ဒီဂိမ်းအတွက် သူ့ဇာတ်ကောင်တွေက မလိုက်လောက်ဘူးလို့ ထင်တာကြောင့်ပါပဲတဲ့ တကယ်လို့ ခင်ဗျားပေါ်မှာသာ မူတည်ခဲ့ရင် ဒီဇာတ်ကောင်တွေကို ဂိမ်းထဲထည့်မလားလို့ မေးခံရတဲ့အခါ သူက မထည့်ဘူးလို့ ပြန်ဖြေခဲ့ပါတယ် “Mortal Kombat ဟာအရမ်းမိုက်တဲ့ ဂိမ်းတစ်ခုပါ ဒါပေမဲ့ ကျွန်တော်ထင်တာက Neo နဲ့ John Wick က သူတို့ဘာသာဖြစ်ပြီး MK ကလည်းသူ့ဘာသာသူ ဖြစ်ပါတယ်" လို့ဖြေသွားခဲ့ပါတယ် တချို့သူတွေက MK ဂိမ်းထဲမှာ Scorpion ကြီး ကြိုးနဲ့လှမ်းဆွဲတာကို Neo ကနောက်ကိုလှန်ပြီး ရှောင်ပြတာကို မြင်ချင်ကြမှာပါ

Keanu Reeves in Cyberpunk 2077(photo credit)
Keanu Reeves in Cyberpunk 2077(photo credit)

John Wick ဆိုတာလည်း သေချာလေ့ကျင့်ထားတဲ့ လုပ်ကြံရေးသမားတစ်ယောက်ဖြစ်တာကြောင့် Sub-Zero တောင်နိုင်မှာမဟုတ်ပါဘူး ဒါပေမဲ့ Mortal Kombat ရဲ့ ထုတ်လုပ်သူ NetherRelam ကို Warner Bros ကပိုင်တာဖြစ်ပြီး The Matrix ကိုလည်း အဲ့ကုမ္ပဏီကပဲ ပိုင်တာပါ ဒါကြောင့် ဂိမ်းထဲမှာ ဒီဇာတ်ကောင်တွေ ပါဝင်လာဖို့က ဖြစ်နိုင်ခြေတော့ရှိပါတယ် ပြီးတော့ 2019 တုန်းကလည်း NetherRelam က Neo ကို Injustic 2 ထဲမှာ ထည့်ဖို့ တော်တော်လေး နီးစပ်ခဲ့ပါတယ် 

John Wick in Fornite(photo credit)
John Wick in Fornite(photo credit)

ကံမကောင်းစွာပဲ ဒီကိစ္စက သူ့ပေါ်မှာ မူတည်နေတာမဟုတ်တာကြောင့် ကုမ္ပဏီက ဆုံးဖြတ်တာကိုပဲ လက်ခံရမှာပါ ဒါပေမဲ့ ဇာတ်ကောင်နှစ်ခုလုံးရဲ့ အရမ်းမိုက်တဲ့ စကေးတွေကြောင့် ဂိမ်းထဲ ပါမယ်ဆိုရင်လည်း အတော်လေးတော့ မိုက်မှာပါ လက်ရှိကတော့ မင်းသားကြီးရဲ့ ကာရိုက်တာတွေဟာ Cyberpunk 2077 နဲ့ Fornite ဂိမ်းတွေထဲမှာ ပါဝင်လျက်ရှိပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T