ယုံကြည်စွာနဲ့ လာရောက်ခဲ့တဲ့ အကယ်ဒမီ မြတ်ကေသီအောင်ရဲ့ ထုံကျင်ကိုက်ခဲနေသော ဝေဒနာများကို သက်သာသွားအောင် ကုသပေးနိုင်ခဲ့တဲ့ ထူးခန့်ကျော်

//s9.kh1.co/16/164b6974dd22cf2004a08d4271561fb514012f46.jpg
အနုပညာရှင်များ

 ၂၆-နို-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

အနုပညာလောကမှာ အောင်မြင်တဲ့ သရုပ်ဆောင်‌ ထူးခန့်ကျော်ဟာ လက်ရှိမှာတော့ (၇)ရက်သားသမီးတွေကို စေတနာ၊ မေတ္တာထားပြီး ဆေးကုသပေးနေတာ ဖြစ်ပါတယ် ။ သူတတ်ကျွမ်းတဲ့ တိုင်းရင်းဆေးပညာနဲ့ လေဖြတ်နေတဲ့သူတွေ၊ ကိုယ်လက်မလှုပ်ရှားနိုင်၊ မမြှောက်နိုင်ဖြစ်နေတဲ့သူတွေကို အခကြေးငွေ တစ်ပြားမှ မယူဘဲ ကုသပေးနေတာ ဖြစ်ပါတယ်။

Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw

ဒီလိုတွေ စေတနာထား ကုသပေးနေတာကြောင့်လည်း ဆေးကုသသူတွေဟာ တစ်နေ့နဲ့တစ်နေ့ ရာနဲ့ချီ လာရောက်ခဲ့ကြတာ တွေ့ရပါတယ်။ သူကိုယ်တိုင်ကုသပေးလို့ ပျောက်ကင်းသက်သာသွားတဲ့ (၇) ရက်သားသမီးတွေအတွက်လည်း ထူးခန့်ကျော်က ဝမ်းသာနေရတာ ဖြစ်ပါတယ်။ အခုလည်း ထူးခန့်ကျော်က သူ့ဆီမှာ ယုံယုံကြည်ကြည်နဲ့ ဆေးလာကုသတဲ့ အကယ်ဒမီမြတ်ကေသီအောင် ရဲ့ အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်။

Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw

မြတ်ကေသီအောင်ဟာ သူမခံစားနေရတဲ့ ထုံကျင်ကိုက်ခဲနေသော ဝေဒနာများအား ထူးခန့်ကျော်ဆီ လာရောက်ကုသတာ ဖြစ်ပါတယ်။ ဒီလို ယုံကြည်စွာ လာရောက်ကုသတဲ့ မြတ်ကေသီအောင်ကို သူတတ်ကျွမ်းထားတဲ့ ဆေးပညာနဲ့ သက်သာအောင် ကုသပေးနိုင်ခဲ့ပြီး ခံစားနေရသော ထုံကျင်မှု့များအမြန်မကြာသက်သာ ပျောက်ကင်းပါစေလို့လည်း ထူးခန့်ကျော်က ဆုတောင်းပေးထားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=424,q=100/40/405969926737521f8c1411c9c3b36b05417d67ce.jpg

သတင်း အရင်းအမြစ်Source - Htoo Khant Kyaw

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T