မင်းသမီး ခိုင်သင်းကြည် ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေး စံထိပ်ထားဦးကလည်း အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေပါ ရရှိနေပြီဖြစ်ပါတယ်။ သမီးလေးကလည်း မိခင်ရဲ့ အနုပညာအမွေကို ဆက်ခံထားပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောက်လည်း ကြိုးစားနေတာ ဖြစ်ပါတယ်။


မေမေခိုင်သင်းကြည်ကတော့ အရွယ်နဲ့မလိုက်အောင်ကို နုပျိုနေဆဲဖြစ်ပြီး သမီးလေးနဲ့ ညီအစ်မတွေလို့တောင် ထင်မှတ်စရာ ဖြစ်ခဲ့ရပါတယ်။ တစ်နေ့တခြား အရွယ်ရောက်လာပြီဖြစ်တဲ့ စံထိပ်ထားဦးကတော့ ဒီကနေ့မှာ ပျော်ရွှင်စရာကောင်းတဲ့ အသက် (၁၉) နှစ်ပြည့် မွေးနေ့လေးကို ကျရောက်ခဲ့ပြီဖြစ်ပါတယ်။ ချစ်ရတဲ့ပရိသတ်တွေကလည်း စံထိပ်ထားဦးရဲ့ မွေးနေ့လေးကို ဆုမွန်ကောင်းတွေတောင်းပေး ထားကြတာ တွေ့ရပါတယ်။



ဒါ့အပြင် သမီးလေး စံထိပ်ထားဦးရဲ့ မွေးနေ့အတွက် မေမေခိုင်သင်းကြည်ကလည်း ငယ်ငယ်က အမှတ်တရပုံရိပ်လေးတွေနဲ့အတူ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလာခဲ့ပါတယ်။ "Happy Birthday မေမေ့ချစ်သဲလေးရေ ၁၉ နှစ်တောင်ရှိသွားပေမယ့် သဲလေးကိုလူ့လောကထဲစပြီး ခေါ်လာခဲ့တဲ့နေ့က မနေ့တနေ့ကလိုပါဘဲ မေမေ့တို့ဆီလာချင်လွန်းလို့ ချက်ချင်းရပြီး စောမွေးခဲ့ရတာနေမှာ မွေးနေ့ကစပြီးစိတ်ချမ်းသာပြီးကိုယ်ကျန်းမာပါစေ ဘုရား တရား သံဃာမိဘဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို အမြဲသိနားလည်ကိုးကွယ်နိုင်ပါစေ မေမေလည်း သဲလေးကိုခလေးတစ်ယောက်လို အချစ်လွန်ပြီး အမြဲလိုက်ပြီးစိတ်ပူနေတတ်တာတွေလျှော့ပါ့မယ် အရမ်းချစ်တယ်သဲလေးရေ..."ဆိုပြီး ကြည်နူးစရာ မွေးနေ့ဆုတောင်းပေးထားတာပါ။ ကဲ...ချစ်ပရိသတ်တွေကလည်း ယနေ့မှာ ကျရောက်တဲ့ စံထိပ်ထားဦးရဲ့ မွေးနေ့လေးကို ဆုတောင်းမေတ္တာတွေပို့သပေးလိုက်ပါဦးနော်...။



သတင်း အရင်းအမြစ်៖ Source - Khine Thin Kyi