ရေမွန်ကတော့ မြန်မာနိုင်ငံရဲ့ Rock ဂီတ ရေစီးကြောင်းမှာ အောင်မြင်နေတဲ့ တေးသံရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝါသနာပါတဲ့ ဂီတကို လုပ်ကိုင်နေရင်းနဲ့ မိသားစုကို အချိန်ပေးတတ်တဲ့ အနုပညာရှင် ရေမွန်လေးက ဒီကနေ့၂၆ ရက် နိုဝင်ဘာလမှာ (၃၃)နှစ်ပြည့်သွားပြီပဲ ဖြစ်ပါတယ်။


သီချင်းတွေကို နှလုံးသားနဲ့သီဆိုပြီး ဂီတနယ်ပယ်မှာ အောင်မြင်ခဲ့တဲ့ အဆိုတော်ရေမွန်ကတော့ လူထုတော်လှန်ရေးကြီးမှာ ယုံကြည်ချက်ခိုင်မာစွာနဲ့ အမှန်တရားဘက်ကရပ်တည်ခဲ့ပြီး လွတ်မြောက်နေရာတနေရာမှာစစ်သင်တန်းတတ်ရင်း ကျန်းမာရေးကြောင့် ကွယ်လွန်သွားခဲ့တာလည်းဖြစ်ပါတယ်။ ရေမွန်ကွယ်လွန်သွားတာ အခုဆိုရင် (၅)လကျော် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။



သူမရှိတော့ပေမယ့် သူ့ကိုချစ်ကြတဲ့သူတွေရဲ့ နှလုံးသားထဲမှာတော့ အမြဲတမ်းရှင်သန်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ရေမွန်ရဲ့အမေ ဒေါ်ခင်မြတ်မွန်နဲ့ ညီမဖြစ်သူ လပြည့်ကဗျာတို့က ရေမွန်အပေါ် အရမ်းသတိရနေပြီး ရေမွန်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကို အမြဲပြန်ပြန်ပြောလေ့ရှိပါတယ်။


" မနှစ်က ပျော်ပျော်ပါးပါးကြီးသူငယ်ချင်းတွေနဲ့ ဆိုင်မှာ မွေးနေ့ပွဲလေးကျင်းပခ့ဲတာ... ဒီနှစ်တော့ မွေးနေ့ရှင် မရှိတော့တ့ဲနှစ်လေးကို... တိတ်တဆိတ်ဖြတ်သန်းရမယ်လို့ ဘယ်ထင်မလဲနော်... ရင်တွေလဲကွဲရပါတယ်... သီချင်းတွေ တူတူဆိုခွင့် မရှိတော့တာလေးတော့ နှမြောဆုံးပဲ... ယောကျာ်းလေး အသုံးဆောင်တွေမြင်တိုင်း ဘပီနဲ့သာဆိုလိုက်မှာပဲဆိုတ့ဲ စိတ်လေးတော့တွေးမိတယ် .... တက်နိုင်သမျှ အတွေးထဲ ၀င်မလာအောင်မေ့ထားတယ်



ကျန်ရှိနေ တ့ဲဘ၀ကို အကောင်းဆုံးလျှောက်လှမ်းမယ် ..... သူပြန်လာချင်တ့ဲ လူ့ဘ၀လေးကို မြန်မြန်ပြန်လာနိုင်ဖို့ တက်နိုင်သမျှအစွမ်းကုန် လှူတန်းမယ် ကုသိုလ်လေးတွေလုပ်မယ် ဒါပါပဲ အရမ်းမတွေးချင်ဘူးအားလုံးလဲ သတိရနေပါတယ်ဘပီ ..... Happy Birthday ငါ့အကိုကြီး You're my world and I love you so much ❤️ " ဆိုပြီး သူမရဲ့လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။




Source : Lapyae Gabyar’s Facebook Acc