မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန နဲ့ အချို့သော အစီအစဉ်ကြီးတွေ မှာ ကြည်လင်ပြတ်သားတဲ့ အသံနှင့် အစီအစဉ်များ တင်ဆက်လေ့ရှိတဲ့ သတင်းအစီအစဉ် တင်ဆက်သူ ကို ပြောပါဆိုရင်တော့ ကိုကျော်သက်လင်းကိုပဲ ပြောရမှာဖြစ်ပါတယ်။ သူဟာ သတင်းတင်ဆက်ရာမှာ အရမ်းကို လေးစားစရာကောင်းလောက်အောင် တိကျပြီးအမှားမရှိတဲ့အပြင် ကြည်လင်ပြတ်သားတဲ့အသံကြောင့် သတင်းနားထောင်သူပရိတ်သတ်များက လေးစားအားကျခဲ့ရတဲ့အပြင် တကယ်ကိုထူးချွန်တဲ့သတင်းတင်ဆက်သူတစ်ဦးဖြစ်ပါတယ်။


လက်ရှိဖြစ်ပေါ်နေခဲ့တဲ့ စစ်ကောင်စီရဲ့ အာဏာထိန်းချုပ်မှုဟာ (၉)လကျော်ရှိခဲ့ပြီဖြစ်ပြီး ကိုကျော်သက်လင်းဟာ လက်ရှိမှာ စစ်ကောင်စီရဲ့ အာဏာထိန်းချုပ်မှုကို ဆန့်ကျင်ကာ ပြည်သူနှင့်တစ်သားတည်းရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။သူဟာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနရဲ့ ပထမဦးဆုံး CDM ပြုလုပ်ခဲ့သူလည်းဖြစ်တဲ့အတွက် ပြည်သူတွေအားလုံးက သူ့ကို ပိုမိုလေးစားခဲ့ရပါတယ်။ဒါ့အပြင် သူဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေသို့ရောက်ရှိနေခဲ့ပြီးတိုင်းပြည်အရေးအတွက် ကြိုးစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။


ယမန်နေ့က သူဟာ သူလက်ရှိနေထိုင်နေရတဲ့ နေရာမှာ စားသောက်နေရတဲ့ထမင်းဝိုင်းလေးအကြောင်းကို ပရိတ်သတ်ထံ ချစ်စဖွယ် ပြောပြလာပါတယ်။သူဟာ လက်ရှိတောထဲမှာ စားသောက်နေပုံကိုလည်း “ ပိန္နဲသီးနဲ့ကန်စွန်းရွက်လုပ်ထားတဲ့သနပ်...အရွက်ဟင်းချို ကြက်ဥကြော်နဲ့မြိန်မှမြိန်...မြို့ပေါ်ကလူတွေကိုသနားမိ။” လို့ရေးသားခဲ့တာကြောင့် ပရိတ်သတ်တွေအနေနဲ့ ဝမ်းနည်းဝမ်းသာဖြစ်နေခဲ့ရပါတယ်။ကိုကျော်သက်လင်းတစ်ယောက် အမြန်ဆုံးဘေးရန်ကင်းရှင်းစွာပြန်လာနိုင်ပါစေလို့လည်းဆုတောင်းပေးလိုက်ရပါတယ်။


