ပြည်သူချစ်မင်းသမီး ခိုင်နှင်းဝေရဲ့ မွန်မြတ်ဒါနတစ်ခု

//s9.kh1.co/b8/b86fc4cdbf516af008ee2d5b2f737a5242083598.jpg
အနုပညာရှင်များ

 ၂၅-နို-၂၀၂၁ ၇pm · လွန်ခဲ့သော ၂ နှစ် က

.

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ရုပ်ရည်ရော အရည်အချင်းအရ ပြည့်စုံရုံတင်မက စိတ်ထားကောင်းတဲ့နေရာမှာလည်း သူမတူတဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/d3/d3230ddc06f1e954b4ea01f26a67fdd76cee4ab2.jpg

ပရိသတ်တွေကလည်း ခိုင်နှင်းဝေရဲ့ ပရဟိတအလုပ်နဲ့ အလှူဒါနတွေကို အမြဲ ကြည့်ရှု ပီတိဖြစ်နေကြတာပါ။ ပြည်သူအများရဲ့ ဝိုင်းဝန်းလှူဒါန်းမှုကြောင့်လည်း ခိုင်နှင်းဝေဟာ ကုသိုလ်ရေးတွေ ပိုပြီး လုပ်နိုင်လာပါတယ်။

ဒီကနေ့မှာလည်း မသန်စွမ်း ပုဂ္ဂိုလ်များ ခြေတုတပ်ရန်အတွက် အလှူငွေများကို ခုနစ်ရက်သားသမီး ကောင်းမှုနဲ့ စုပေါင်းလှူဒါန်းခဲ့ကြောင်း သူမရဲ့ facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/1e/1ec5f1e05484336e7d31d2f6823d84bd85bf5e2e.jpg

ပရိသတ်တွေရဲ့ ပါဝင်ကူညီပေးမှုကြောင့် ခြေတုတပ်နိုင်ပြီး လမ်းလျှောက်လ့ကျင့်နေသူအချို့ရဲ့ ပုံများကိုလည်း ပီတိဖြစ်စေဖို့ ဝေမျှထားပေးပါတယ်။

https://s9.kh1.co/__image/w=641,h=854,q=100/27/271914198526dced46ca777f09fb6499f4e1ac65.jpg

ခိုင်နှင်းဝေနဲ့ ပရိသတ်များ ခုလိုပဲ အမြဲ အလှူဒါနတွေ ပြုလုပ်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=641,h=854,q=100/64/64cc07a91f639e99a8eb09cbc3dbd867bf85d5c5.jpg

Source : Khine Hnin Wai Facebook

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T