ကိုဗစ်ရောဂါ ကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာမပြဘဲ ကျန်းမာရေးကောင်းမွန်နေတဲ Black Pink အဖွဲ့ဝင် LISA - Myanmarload

ကိုဗစ်ရောဂါ ကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာမပြဘဲ ကျန်းမာရေးကောင်းမွန်နေတဲ Black Pink အဖွဲ့ဝင် LISA

https://s9.kh1.co/0e/0e008cac2f9d3d500f311607e205d39fdc080210.jpg
အနုပညာရှင်များ
 25-Nov-2021 3pm · 3 days ago

.

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး K-pop အဖွဲ့ဖြစ်တဲ့ Black Pink အဖွဲ့ဝင် LISA ဟာ ကိုဗစ်ကူးစက်ခံလိုက်ရပြီလို့ YG Entertainment က ထုတ်ပြန် အသိပေးလိုက်ပါတယ်။ YG Entertainment ထုတ်ပြန်ချက်တွေမှာတော့ LISA ဟာ မကြာသေးခင်ကမှ အမေရိကန်ပြည်ထောင်စုကနေ ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ Black Pink အဖွဲ့ဝင် (၄) ယောက်လုံးဟာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးထားပေမယ့် LISA ဟာ နိုဝင်ဘာ (၂၄)ရက်နေ့ကမှ KST တွင်ရိုက်ကူးရေးအချိန်မတိုင်ခင်လေးမှာ ဆေးစစ်ဆေးခဲ့ပြီး Positive အဖြေထွက်ခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=723,q=100/a3/a3334c81b5241c92401f5af4f1c3d051cbf5ffb4.jpg
Photo Credit - Black Pink
https://s9.kh1.co/__image/w=600,h=600,q=100/57/57a0ec96938c73c318ec79775eed63e4c00e9929.jpg

LISA ဟာ ကိုဗစ်ရောဂါ ကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာတွေမပြဘဲ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်ကြောင်း သိရပါတယ်။ ရောဂါ ကူးစက်ခံထားရတဲ့ LISA နဲ့ အနီးကပ်ရှိခဲ့တဲ့ အဖွဲ့ဝင် JENNIE, JISOO, ROSÉတို့ကိုလည်း တစ်ယောက်ချင်းစီ Quarantine မှာ ထားရှိပြီး ယနေ့ဆေးစစ်ချက်တွေအရ ကျန်(၃)ယောက်လုံးမှာ ရောဂါကူးစက်ခံထားခြင်းမရှိဘူးလို့ YG Entertainment ထုတ်ပြန်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/27/27d22e013d15d70edb87c7818bc89fffc00061f7.jpg
Photo Credit - LISA
https://s9.kh1.co/__image/w=600,h=1068,q=100/ff/ff8f84c2394fc36ada84c20a649b72152bace665.jpg
Photo Credit - LISA

YG Entertainment ကတော့ ကောင်းမွန်တင်းကျပ်တဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အတူ ကိုဗစ်ပိုးကို ကာကွယ်တွန်းလှန်သွားမှာဖြစ်ပြီး အနုပညာရှင်တွေနဲ့ ဝန်ထမ်းတွေရဲ့ကျန်းမာရေးကို အထူးအလေးပေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ပရိသတ်တွေကလည်း ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ LISA အတွက် ကျန်းမာရေး အမြန်ကောင်းမွန်လာအောင် ဝိုင်းဝန်းဆုတောင်းပေးလိုက်ကြပါဦးနော်....။

သတင်းအရင်းအမြစ်Source - allkpop

Zin Myo
Zin Myo

ဆက်စပ်ဆောင်းပါး