ဒါရိုက်တာ ကိုပေါက်ကတော့ ပြည်သူ့ပရိသတ်တွေ လေးစားချစ်ခင်ရပြီး အားပေးရကျိုးနပ်တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်လာခဲ့ပါတယ်။ ကိုပေါက်ဟာ ဖေဖော်ဝါရီလ(၁) ရက်နေ့နောက်ပိုင်းကနေ စတင်ပြီး ပြည်သူတွေနဲ့ ရင်ဘတ်ချင်းတူ၊ နှလုံးသားချင်းတူညီစွာရှိခဲ့ပြီး တစ်သားတည်းရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးပါ။ လက်ရှိမှာတော့ ၅၀၅(က) ဖြင့် အမှုစွဲဆိုခံထားရပြီး လွတ်မြောက်နယ်မြေမှာပဲ ဘဝကိုတန်ဖိုးရှိရှိ လျှောက်လှမ်းနေတာ တွေ့ရပါတယ်။


ပြည်သူတွေရဲ့ အနာဂတ်အိမ်မက်တွေ ထွန်းလင်းတောက်ပစေဖို့အတွက် ချစ်ရတဲ့ မိသားစုနဲ့ တန်ဖိုးရှိတဲ့ အရာအားလုံးကို စွန့်လွှတ်ထားခဲ့ရသူပါ။ လွတ်မြောက်နယ်မြေ ရောက်ရှိနေတဲ့ အချိန်လေးမှာလည်း အခက်အခဲ အဆင်မပြေတာတွေရှိနေပေမယ့် ပျော်ရွှင်စရာလေးတွေ ဖန်တီးပြီး ရည်မှန်းချက်တွေ ပြည့်ဝဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ယခုမှာလည်း လွတ်မြောက်နယ်မြေက အပြစ်ကင်းစင်တဲ့ ကလေးတွေနဲ့အတူ ရယ်မောပျော်ရွှင်နေတဲ့ ပုံရိပ်တချို့ကို ဖော်ပြထားခဲ့ပါတယ်။


ဒါ့အပြင် ဘာသာစကားချင်းနားမလည်တဲ့ ကလေးငယ်တွေနဲ့အတူ ရယ်မောပျော်ရွှင်စွာ ဖြတ်သန်းလို့ရနေတဲ့ အကြောင်းကိုလည်း အဓိပ္ပါယ်တွေနဲ့ ပြည့်နေတဲ့ စကားလုံးများဖြင့် ဖွင့်ဟပြောဆိုထားတာ တွေ့ရပါတယ်။ ကိုပေါက်ရဲ့ တန်ဖိုးရှိလှတဲ့ စကားလုံးတွေကတော့ တကယ့်ကို မှတ်သားစရာလည်း ကောင်းလှပါတယ်နော် ။ လူအချင်းချင်း စာနာတတ်ပြီး ဖြူစင်တဲ့ နှလုံးသားနဲ့ပဲကြည့်တတ်တဲ့ ဒါရိုက်တာကိုပေါက်လည်း အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်...။


သတင်း အရင်းအမြစ်៖ Source - Aung Min Naing