ဆေးစစ်ချက်အဖြေအရ COVID-19 Positive ဖြစ်ခဲ့ရတဲ့ LISA

//s9.kh1.co/26/262f3973c178e2c8bf0722cc05aa40a4176393b8.jpeg
အနုပညာရှင်များ

 ၂၅-နို-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကျန်တဲ့ BLACKPINK အဖွဲ့ဝင်သုံးဦးရဲ့ PCR စစ်ဆေးချက်တွေကိုလည်း .....

တောင်ကိုရီးယား မိန်းကလေးအဆိုတော်တစ်ဖွဲ့ဖြစ်တဲ့ BLACK PINKအဖွဲက အာရှနိုင်ငံတွေမှာ သာမက အနောက်ဥရောပနိုင်ငံတွေ အထိပါ ထိုးဖောက် အောင်မြင်နေကြတာ ဖြစ်ပါတယ်။ BLACK PINKအဖွဲ့ဟာ အဖွဲ့လိုက်အောင်မြင်မှုတွေသာမက တစ်ဦးချင်း solo အနေနဲ့လည်း အောင်မြင်မှုများစွာရရှိထားတာဖြစ်ပါတယ် ။ BLACK PINKအဖွဲ့ရဲ့member တစ်ဦးဖြစ်တဲ့ LISA က သူမရဲ့ solo album ထွက်ရှိလာခဲ့တာဖြစ်ပြီး သူမရဲ့ LALISA ဆိုတဲ့ music videoက ထွက်ရှိပြီး နာရီပိုင်းအကြာမှာ YouTube viewersပေါင်း သန်းနဲ့ချီကာရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader

မနေ့က November 24 ရက်နေ့ နေ့လည်က ဆေးစစ်ချက်အ‌ဖြေအရ BLACKPINK အဖွဲ့ဝင် Lisaက COVID-19 Positive ဖြစ်ခဲ့ရပါတယ်။ ကျန်တဲ့ BLACKPINK အဖွဲ့ဝင်သုံးဦးရဲ့ PCR စစ်ဆေးချက်တွေကိုလည်း စောင့်ဆိုင်းနေဆဲ ဖြစ်ပြီး  Self Qဝင်နေတယ်လို့ YG entertainment က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=586,h=1105,q=100/18/18969e9b9bec5bc332d16fe0ec438fbf48e3142b.jpeg
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader

YG Entertainment ရဲ့ပြောကြားချက်အရ LISA ဟာ ကာကွယ်ဆေးကို အပြည့်အဝထိုးနှံထားပြီးသားဖြစ်သော်လည်းပဲ COVID-19 ရဲ့ breakthrough infection လို့ခေါ်တဲ့ ကာကွယ်မှုခုခံအားကိုဖောက်ထွင်းပြီး ကိုဗစ်ကူးစက်ခြင်း အမျိုးအစားနဲ့ကူးစက်ခံခဲ့ရတယ်လို့ဆိုပါတယ်။

Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader

Jennie , Rosé , Jisoo တို့အတွက် PCR စစ်ဆေးချက်မှာ negative အဖြေထွက်ခဲ့တယ်လို့ YG entertainment ကထုတ်ပြန်လိုက်ပါတယ်။ Positive အဖြေထွက်ခဲ့သူ Lisa ကလည်း ပြင်းထန်တဲ့ ရောဂါလက္ခဏာမျိုး မရှိပဲနဲ့ အခြေအနေ ကောင်းမွန်‌နေပါပြီလို့ ထုတ်ပြန်ထားပါတယ်။ သူမရဲ့ ပရိသတ်တွေ Fan တွေက LISA လေး အမြန်သက်သာပျောက်ကင်းစေဖို့ ဆုတောင်းပေးနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader

Source : YG Entertainment 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T