သဘာဝကျပြီး ထိမိပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေအကြား ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ မင်းသားတစ်ဦးလို့ ဆိုလာရင်တော့ မင်းသားရဲတိုက် ကိုပဲဆိုရမှာဖြစ်ပါတယ်။သူဟာ တကယ်ကို သဘာဝဆန်တဲ့ အနုပညာဖန်တီးမှုများကြောင့် စတင်ရေပန်းစားကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။


သူဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အာဏာထိန်းချုပ်မှုဖြစ်စဉ်တွင် ပြည်သူနှင့်တစ်သားတည်းရပ်တည်ကာ တော်လှန်ရေးလုပ်ငန်းအချို့ကို လှုပ်ရှားဆောင်ရွက်ခဲ့မှုကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံနေရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။


ယမန်နေ့ နိုဝင်ဘာ(၂၄)ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၌ သူ့ရဲ့ ရုံးချိန်း ရှိခဲ့တယ်လို့ကြားသိရပါတယ်။ ထိုရုံးချိန်းမှ ခေတ္တခဏထွက်လာခဲ့ရချိန်တွင် မင်းသားရဲတိုက်က ပရိတ်သတ်ကြီးအား “ fighting ” လို့ပြောပေးရန်တောင်းဆိုခဲ့ကြောင်း ရုံးချိန်းသွားရောက်ခဲ့သူတစ်ဦးကဆိုလာတာဖြစ်ပါတယ်။တစ်တိုင်းပြည်လုံးမှ စိုးရိမ်ပူပန်နေရတဲ့ မင်းသားရဲတိုက်အနေနဲ့လည်း သိပ်မကြာခင်မှာ ပြန်လည်လွတ်မြောက်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။




