နိုဝင်ဘာ ၁၂ မှာ ထွက်ရှိတဲ့ Taylor Swift ရဲ့ All too well (Taylor's version) ဟာ Billboard Global 200 နဲ့ Billboard Global Excl.U.S. မှာ နံပါတ် ၁ ဖြစ်နေခဲ့ပါတယ်။
သီချင်းမထွက်ခင် Taylor က သူ့ရဲ့ Twitter စာမျက်နှာမှာ hints ပေးလိုက်ကတည်းက Swifties တွေက ရင်ခုန်နေခဲ့ကြတာ ဖြစ်ပါတယ်။

Tay Tay က သူ့ရဲ့ ဘဝနဲ့ dating အကြောင်း သီချင်းတွေထဲ အမြဲထည့်ရေးတဲ့သူ ဖြစ်တာကို Swifties တွေက သဘောကျကြပါတယ်။ All too well 10 minutes version ထွက်လာတဲ့အခါ အဆက်ဟောင်းကြီး Jake Gallenhaal အပေါ် Swifties တွေရဲ့ အပြစ်တင်စောင်းမြောင်းမှုတွေက ပိုများလာပါတယ်။ ex ကို ဘယ်လို လက်စားချေလဲ မမတေက အမြဲ တစ်ကွက်ပြတာနော်။

Taylor's version မထွက်ခင် ၂၀၁၂ ခုနှစ်ကတည်းက All too well ဟာ Taylor Swift ရဲ့ အနုပညာသက်တမ်းတစ်လျှောက် အကောင်းဆုံးသီချင်းလို့ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။