2022 မှာ Mobile ‌ပေါ်ကို ရောက်ရှိလာနိုင်တဲ့ အလန်းစားဂိမ်းများ

//s9.kh1.co/db/db0861eac09fb391889edd5d603e053160b22889.webp
E-Sports

 ၂၄-နို-၂၀၂၁ ၃pm · လွန်ခဲ့သော ၄ နှစ် က

.

Mobile Gamer တွေဟာ တခြား Platform တွေထက်စာရင် အသစ်ထွက်လာတဲ့ ဂိမ်းတွေကိုဆော့ရဖို့ အကြာကြီးစောင့်ရပါတယ် PC တို့ PS တို့ X Box တို့မှာ ထွက်ပြီးသား Game ‌တွေကို Mobile ပေါ်မှာဆော့ရဖို့ နှစ်တွေပါချီပြီးကြာတတ်ပါတယ် ဒါ့ပေမဲ့ Mobile ပေါ်မှာတင် ရွေးချယ်စရာအများကြီး ရှိပြီးသားပါ အခုပြောပြပေးမှာကတော့ 2022 မှာ Mobile ပေါ်ကို ရောက်ရှိလာဖို့ ရေပန်းစားနေတဲ့ အလန်းစားဂိမ်းတွေဖြစ်ပါတယ် 

photo credit to original uploader 
photo credit to original uploader 

ပထမဆုံးဂိမ်းကတော့ Dauntless လို့အမည်ရတဲ့ Co-op action RPG ဂိမ်းတစ်ခုပါ လောလောဆယ် PC,PS 4,Xbox One နဲ့ Switch တို့ပေါ်မှာကစားလို့ရပြီး mobile version အတွက်တော့ ပြင်ဆင်နေပြီလို့ သိရပေမဲ့ ထွက်လာမဲ့ အချိန်အတိအကျကို ပြောပြသွားခြင်းတော့မရှိပါဘူး အင်တာဗျူးတစ်ခုမှာ မန်နေဂျာကတော့ ဒီဂိမ်းကို mobile ထုတ်ပေးဖို့ ကတိပြုခဲ့ပါတယ် ဂိမ်းထဲမှာသင်ဟာ Slayer တစ်ယောက်အဖြစ်နဲ့ မိစ္ဆာကောင်တွေကို လိုက်သတ်တဲ့နေရာကနေ ကစားရမှာပါ တစ်ယောက်တည်းဆော့နိုင်ပြီး တခြား Slayer သုံးဃောက်နဲ့ အသင်းဖွဲ့ပြီးတော့လည်း ကစားလို့ရပါတယ် တစ်ကောင်သတ်ပြီးတိုင်းရလာတဲ့ ပစ္စည်းတွေနဲ့ လက်နက်အသစ်တွေဖန်တီးပြီး ပိုကြောက်စရာကောင်းတဲ့ မိစ္ဆာကောင်တွေကို ရင်ဆိုင်ရမှာပါ တခြား Platform တွေမှာလိုပဲ Mobileပေါ်မှာလည်း Free ဆော့နိုင်မှာဖြစ်ပြီး အင်တာနက်လိုအပ်ပါတယ် 

photo credit to original uploader 
photo credit to original uploader 

Riot ရဲ့ Hit ဖြစ်ခဲ့တဲ့ first person shooting game Valorant ဟာ 2020 မှာ PC အတွက် စဖြန့်ခဲ့ပါတယ် တစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲမှာ ဂိမ်းဟာ Mobile ဆီကိုပါ လာဖို့ရှိတယ်လို့ ပြောကြားသွားခဲ့ပါတယ် Wild Rift မှာ လုပ်ခဲ့သလို Mobile အတွက် တော်တော်လေး အဆင်ပြေတဲ့ ပြောင်းလဲမူတွေကို စောင့်ကြည့်ရမှာပါ PC နဲ့ cross-play တော့ရမှာမဟုတ်ပါဘူး 2022 အစောပိုင်းလောက်မှာထွက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ် 

photo credit to original uploader 
photo credit to original uploader 

Apex Legends အကြောင်း သတင်းတွေအများကြီးတော့ထွက်နေပြီးသားဖြစ်ပြီး Respawn Entertainment ရဲ့ Battleroyal Game ဟာ Mobile ပေါ်ကို ရောက်ရှိလာမယ်ဆိုတာကတော့ သေချာပါတယ် ဂိမ်းဟာ အခုလက်ရှိ အိန္ဒိယနဲ့ ဖိလစ်ပိုင်မှာ Beta version ရှိတာကြောင့် အဲ့နိုင်ငံကလူတွေ စမ်းဆော့ကြည့်လို့ ရပါတယ် touch နဲ့ control ပိုင်းကိုလည်း ပြန်ပြင်ဆင်ထားပြီး PC တို့ Console တို့နဲ့ cross play ဆော့လို့ရပါတယ် 

photo credit to original uploader 
photo credit to original uploader 

Pokemon Sleeping ဂိမ်းကတော့ Pokemon Go လိုပဲ ကစားသူရဲ့ Physical activities နဲ့ဆော့ရမှာပါ မေလ 2019 ကတည်းက သတင်းထွက်ထားတဲ့ ဂိမ်းဖြစ်ပါတယ် Pokemon ဂိမ်းအသစ်ဆို အမြဲတမ်း စောင့်ကြည့်ဟရာတစ်ခု ပါလာတတ်ပါတယ် ဒီဂိမ်းမှာဆို ကစားသူရဲ့ အိပ်စက်တဲ့ အခြေအနေကို အာရုံခံပြီး ကစားရမယ်လို့ သတင်းထွက်ထားပါတယ် Pokemon Go မှာဆိုရင် လမ်းလျှောက်တာကိုပါ ဖျော်ဖြေရေးအသွင်ပြောင်းပစ်တဲ့အတွက် ဒီတစ်ခေါက်လည်း ဘယ်လိုလာမလဲ မသိရသေးပါဘူး 

photo credit to original uploader 
photo credit to original uploader 

H1Z1 ကတော့ PUBG တို့ Fornite တို့လို Battleroyal ဂိမ်းဖြစ်ပါတယ် တခြားကစားသူပေါင်း ၁၅၀ နဲ့လေယာဥ်ပေါ်ကနေ မြေပုံကြီးပေါ် ခုန်ချ သေနတ်တွေလိုက်ရှာပြီး ပြိုင်ဖက်တွေနဲ့ယှဥ်ပြိုင်ရင်း နောက်ဆုံးကျန်ခဲ့တဲ့သူက အနိုင်ရမှာပါ မြေပုံကကျဥ်းလာတာတွေ စီးစရာယာဥ်တွေလည်း အစုံအလင်ပါမှာဖြစ်ပါတယ် PUBG တို့လောက်နာမည်မရှိပေမဲ့ ကစားသူ သန်းပေါင်းများစွာနဲ့ PS4,PC တို့ပေါ်မှာ ကစားနိုင်မှာဖြစ်ပြီး Mobile version လည်းလာတော့မယ်လို့ ကုမ္ပဏီဖက်က အတည်ပြုပေးထားပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T