လှပချောမောစွာကြီးပြင်းလာတဲ့ Miracle in Cell No. 7 ထဲမှကလေးသရုပ်ဆောင်လေး ကယ်ဆိုဝန်

//s9.kh1.co/ce/cea14b8bb9e4fa5d98c84f76f38daa45af6b5cee.jpg
အနုပညာရှင်များ

 ၂၄-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

လှပချောမောစွာကြီးပြင်းလာတဲ့ Miracle in Cell No. 7 ထဲမှ ကလေးသရုပ်ဆောင်လေး ကယ်ဆိုဝန်

Miracle in Cell No. 7 (2013) ဇာတ်လမ်းလေးဟာဆိုရင် တောင်ကိုရီးယားမှာ အရမ်းကို နာမည်ကြီးပြီးရောင်းအားအကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ပါတယ်။ 

Google
Google

ဇာတ်လမ်းထဲမှာဆိုရင် သရုပ်ဆောင်တွေက အရမ်းကို တော်ပြီး သဘာဝကျလွန်းလို့ ဘယ်အချိန်ကြည့်ကြည့်ရိုးမသွားတဲ့ ကားကောင်းလေးတစ်ကားပါ။ Miracle in Cell No. 7 ထဲမှာဆိုရင် တောင်ကိုရီးယားနာမည်ကြီးသရုပ်ဆောင်မင်းသမီး ပတ်ရှင်ဟေး လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။

Google
Google

Miracle in Cell No. 7 က လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်လို့ သူ့ထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေဟာဆိုရင်လည်း အသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်ရှိလို့လာပါပြီ။ အဲဒီထဲကမှ အဓိကကလေးသရုပ်ဆောင်လေး ကယ်ဆိုဝန်ရဲ့ ပြောင်းလဲလာမှုလေးက လူအများကြားမှာ အရမ်းကို ရေပန်းစားလျက်ရှိပါတယ်။

ကယ်ဆိုဝန်
ကယ်ဆိုဝန်
ကယ်ဆိုဝန်
ကယ်ဆိုဝန်

ကယ်ဆိုဝန်လေးဟာ Take Care of Us , Captain (2012) ဇာတ်လမ်းမှာ ကလေးသရုပ်ဆောင်အဖြစ် စတင်ပွဲဦးထွက်ခဲ့တဲ့ကလေးမလေးပါ။ ထို့နောက် Miracle in Cell No. 7 (2013) မှာပါဝင်သရုပ်ဆောင်ခဲ့ပြီး လူပိုပြီးသိလာခဲ့ပါတယ်။ သူမကလေးသရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေလည်း အများကြီးပါပဲ။ အခုဆိုရင် ကယ်ဆိုဝန်လေးရဲ့ အသက်က ၁၆ နှစ်ရှိသွားပါပြီ။

ကယ်ဆိုဝန်
ကယ်ဆိုဝန်
ကယ်ဆိုဝန်
ကယ်ဆိုဝန်
ကယ်ဆိုဝန်
ကယ်ဆိုဝန်
ကယ်ဆိုဝန်
ကယ်ဆိုဝန်

ကလေးသရုပ်ဆောင်လေးအဖြစ် လူသိများခဲ့တဲ့ ကယ်ဆိုဝန်လေးဟာ ကလေးတုန်းကလည်း ချစ်ဖို့အရမ်းကောင်းသလို အရွယ်ရောက်လာတော့လည်း တကယ်ကို လှလှပပလေး ကြီးပြင်းလာခဲ့တာပါ။ ကယ်ဆိုဝန်လေးကို လူကြီးသရုပ်ဆောင်အဖြစ် ဇာတ်လမ်းကြီးတွေမှာပါဝင်သရုပ်ဆောင်ဖို့ ပရိသတ်တွေက မျှော်လင့်ထားကြပါတယ်။ မျက်နှာလေးက ကြည်လင်ပြီးချောမောနေလိုက်တာနော် .. လှလိုက်တာကောင်မလေးရေ ..

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T