Ghibli fan တွေအတွက် သတင်းကောင်း လာပြီ - Myanmarload

Ghibli fan တွေအတွက် သတင်းကောင်း လာပြီ

https://s9.kh1.co/b7/b7e3dd0ba765dc607d9aa914e97cf5a4a73c3442.jpg
အနုပညာရှင်များ
 24-Nov-2021 2pm · 4 days ago

.

စာဖတ်သူထဲမှာ OTAKU လေးတွေ ရှိလား။ အာနီမဲတွေ ပုံမှန်ကြည့်နေကျသူဆိုရင် နာမည်ကြီး Studio Ghibli ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Hayao Miyazaki ကို မသိသူ မရှိပါဘူး။ သူ့ရဲ့ ရုပ်ရှင်တွေအားလုံးက ရှုထောင့်သစ်တွေ ပါဝင်ပြီး စိတ်ထဲ တစ်ခုခု လှုပ်ခတ်အောင် အမြဲ လုပ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/65/656277c9d5be9e00dee84c772a7270cacbb4f63f.jpg
Ghibli films ©animeXpress

ရုပ်ရှင်အသစ်ထွက်တာ မျှော်နေတဲ့ ပရိသတ်တွေအတွက် Miyazaki က မျှော်လင့်ချက်တစ်ခု ပေးခဲ့ပါတယ်။ မကြာသေးမီက The New York Times နဲ့ အင်တာဗျူးမှာ သူ့ရဲ့ နောက်ဆုံး ရုပ်ရှင်အဖြစ် "How Do You Live?" အမည်ရ ဇာတ်လမ်းကို ရိုက်ကူးဖို့ စီစဥ်ထားကြောင်း ပြောပြခဲ့ပါတယ်။ အသက် ၈၀ ရှိပြီဖြစ်တဲ့ ဒါရိုက်တာကြီးက ဒီတစ်ခါ တကယ်နောက်ဆုံးဇာတ်လမ်း ဖြစ်မယ်လို့ ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=352,q=100/94/94faa24fab2174671757674f6efbe62dc7d5bc7c.jpg
A still from "The Wind Rises" Hayao Miyazaki ©2013 Studio Ghibli

သူ့ပြောပြချက်အရ ဇာတ်လမ်းက တကယ့်အမိုက်စား စိတ်ကူးယဥ် (Fantasy) အမျိုးအစားပါတဲ့။ မူရင်းဝတ္ထုကို ၁၉၇၃ မှာ ထုတ်ဝေခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာပြန်လည်း ရှိပါတယ်။ ဇာတ်လမ်းကတော့ တိုကျိုမြို့က အသက် ၁၅ နှစ်အရွယ် ပိန်ပိန်ညှက်ညှက် ခပ်ပေပေ ဖတဆိုး ကောင်လေးရဲ့ အကြောင်းပါ။ လောလောဆယ်တော့ ရုပ်ရှင်အတွက် စီစဥ်နေဆဲ ဖြစ်ပါတယ်တဲ့။

https://s9.kh1.co/__image/w=650,h=434,q=100/85/858a1e428f26e84c46b1c2c59ae50771705e46e6.jpeg
Hayao Miyazaki ©Google

နယူးယော့တိုင်းမ်စ်ရဲ့ သတင်းထောက်က အင်တာဗျူးအဆုံးမှာ Miyazaki ကို မေးခွန်းတစ်ခု မေးလိုက်ပါတယ်။

"ဇာတ်လမ်းနာမည်က How do you live? ဆိုတော့ ပရိသတ်ကို ဘဝမှာဘယ်လိုနေရမယ်ဆိုတဲ့ အဖြေပေးမှာလား။"

မေးခွန်းကြားတဲ့အခါ Miyazaki က ပြုံးပြီး "ကျွန်တော်လည်း အဲဒီအဖြေကို မသိလို့ ဒီဇာတ်ကားကို ရိုက်တာပါ" လို့ ပြန်ပြောခဲ့ပါတယ်။

Ghibli ရဲ့ ရုပ်ရှင်အသစ်လေးကို ရင်ခုန်စွာ စောင့်ကြည့်ကြရအောင်နော်။

Eaint Yadanar Min
Eaint

ဆက်စပ်ဆောင်းပါး