ကိုးရီးယားသူလေးနဲ့တူလွန်းတဲ့ ချစ်စဖွယ်မျက်နှာလေးကြောင့် ပရိတ်သတ်တွေအကြား နာမည်ကြီး ရေပန်းစားပြီး ပရိတ်သတ်အများစုရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ Influencer တစ်ဦးလို့ဆိုလာရင်တော့ ဟန်နာယူရီ လေးကိုပဲ ပြေးမြင်ကြမှာအသေအချာပါပဲ။သူမဟာ အလှအပပိုင်းနဲ့ ပတ်သက်တဲ့ နည်းလမ်းအချို့ကို ပရိတ်သတ်တွေကိုဝေမျှလေ့ရှိတဲ့ Influencer တစ်ဦးဖြစ်ပါတယ်။


သူမဟာ ယခုအခါမှာ တောင်ကိုးရီးယားနိုင်ငံ၌ နေထိုင်နေတာဖြစ်ပါတယ်။ဒါ့အပြင် လက်ရှိမှာ သူမဟာ တောင်ကိုးရီးယားနိုင်ငံ က ချီးမြှင့်တဲ့ Global Influencer ဆုကို လက်ခံရရှိခဲ့ပါတယ်။သူမဟာ ဒီဆုကို လက်ခံရရှိခဲ့ကြောင်းကို သူမရဲ့ Facebook စာမျက်နှာပေါ်မှာ တင်လာခဲ့တာဖြစ်ပါတယ်။


သူမရရှိခဲ့တဲ့ဆုဟာ တစ်လတာအတွင်း တက်ကြွစွာဖြင့် လှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိတဲ့ Influencer တွေကို သီးသန့်ချီးမြှင့်ခဲ့တဲ့ဆုဖြစ်ပါတယ်။သူမဟာ (၂၀၂၁)ခုနှစ် အောက်တိုဘာလအတွက် လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ Influencer တွေထဲတစ်ဦးအပါအဝင်ဖြစ်တဲ့အနေနဲ့ ရရှိခဲ့တာဖြစ်ပြီး ဒီဆုကိုလက်ခံရရှိခဲ့တဲ့အတွက် အရမ်းပျော်ရွှင်နေခဲ့ကြောင်းကိုလည်း သူမရဲ့Facebook စာမျက်နှာပေါ်မှာလည်းတင်ထားပါသေးတယ်။




