ရည်းစားသက်တမ်း ၉နှစ်ကျော် ရှိပြီဖြစ်တဲ့ Weir နဲ့ Bella တို့က တကယ်ပဲ လမ်းခွဲလိုက်ကြပြီလား

//s9.kh1.co/75/75f3470cb6bfd26c44b110fad83300753278db19.jpeg
အနုပညာရှင်များ

 ၂၄-နို-၂၀၂၁ ၁pm · လွန်ခဲ့သော ၄ နှစ် က

နှစ်ယောက်သား တွဲပြီး မတွေ့တာကြာပြီ......

ထိုင်းနိုင်ငံရဲ့ အနုပညာရှင် စုံတွဲတွေထဲမှာ CH7 ရဲ့ထိပ်တန်းမင်းသား Weir Sukollawat နဲ့ CH3 ရဲ့ထိပ်တန်းမင်းသမီး Bella Ranee တို့ အတွဲဟာလည်း နာမည်ကြီးပါပဲ။  ချစ်သူသက်တမ်း(၉) နှစ်ကျော် ရှိနေပြီဖြစ်တဲ့ Weir နဲ့Bella couple လေးဟာ စိတ်တူကိုယ်တူရှိလွန်းလို့ လက်ထပ်ဖို့အထိတောင် မိဘတွေနဲ့တောင် ဆွေးနွေးပြီးပြီဖြစ်တာကြောင့် ပရိသတ်တွေက သူတို့ရဲ့ လက်ထပ်တော့မယ့်အချိန်လေးကို စောင့်စားနေကြတာလည်း ဖြစ်ပါတယ်။

Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader

Weir နဲ့ Bella တို့က “Fatherland” film ရိုက်ရင်းစတင်တွေ့ခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်တုန်းက Bella ဟာမင်းသမီးအသစ်စက်စက်လေးပဲရှိပါသေးတယ်။ Weir ကတော့ အချောလေးရဲ့ ဆွဲဆောင်မှုမှာ ကျရှုံးသွားတာ ဖြစ်ပါတယ်။သူတို့ စစတွဲချင်းကတည်းက လိုက်ဖက်လွန်းတဲ့ အတွဲလေးဖြစ်တာကြောင့် လူတိုင်းက အားကျနေရတာဖြစ်ပါတယ်။ 

Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader

အခုလတ်တလော Bella ရဲ့ Instagram မှာတင်ထားတဲ့ ပုံတချို့မှာ ပရိတ်သတ်တွေက Weir ကို မတွေ့တာကြောင့်နှစ်ယောက်သားတွဲပြီးမတွေ့တာကြာပြီ၊ လမ်းခွဲလိုက်ကြပြီလား ဆိုပြီး Post အောက်မှာ comment တွေရေးထားကြပါတယ်။ တချို့ကလည်း Bella လေး ဘက်ကနေ " ပုံထဲမပါတဲ့သူကို ဘာလို့မေးနေတာလဲ၊ အကြောင်းကိုသေချာမသိပဲ မဝေဖန်ကြပါနဲ့၊ နှစ်ယောက်လုံး အလုပ်တွေ ရှုပ်နေတာကြောင့် မတွေ့ဖြစ်တာ ဖြစ်မှာပါ" ဆိုတဲ့အရေးအသားတွေလည်း တွေ့ရပါတယ်။ 

Photo Credit: Original Uploader
Photo Credit: Original Uploader
https://s9.kh1.co/__image/w=650,h=954,q=100/b2/b2e3471fb78180e3b0735b3220dbb45c7e47d277.jpeg
https://s9.kh1.co/__image/w=650,h=1017,q=100/ac/ac67458221afe54cc9350fb728dcf1d54261e83c.jpeg

သူတို့နှစ်ယောက်လုံးဘက်ကတော့ အခုချိန်အထိ တရားဝင်ထုတ်ပြောထားတာလဲ မရှိသေးပါဘူး။ သူတို့နှစ်ယောက်တွဲ ပုံမတင်ကြတာ တကယ်ဘဲ အလုပ်တွေမအားကြလို့ ဖြစ်နိုင်သလို ပရိသတ်တွေ မသိစေချင်သေးတဲ့အကြောင်းအရင်းတွေလည်း ရှိနေနိုင်ပါသေးတယ်။

Photo Credit: inf.news
Photo Credit: inf.news
Photo Credit: Original Uploader
Photo Credit: Original Uploader

Source: inf.news

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T