အပြောင်အချော် Troll post တွေထဲမှာဆိုရင် Mimiyuuuh ကို မကြာခဏတွေ့ရလေ့ရှိပါတယ်။ လူတော်တော်များများကMimiyuuuh ရဲ့ ရယ်စရာမျက်နှာပြောင်ပုံလေးတွေကိုသာသိကြပြီး သူဘယ်သူလဲဆိုတာကိုရော ၊ သူ့ရဲ့အပြင်က မျက်နှာ ပုံစံလေးကိုရော မမြင်ဖူးကြပါဘူး။

Mimiyuuuh ဟာ အသက် ၂၅ နှစ်ရှိတဲ့ ကောင်လေးတစ်ယောက်ပါ။ သူက ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး Vlogger ၊ model ၊ comedian နှင့် YouTube content creator တစ်ယောက်အဖြစ်လုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။ Mimiyuuuh ကို Dalagang Pilipina သီချင်းနှင့်စတင်ပြီးလူတွေသိခဲ့ကြတာဖြစ်ပါတယ်။ Mimiyuuuh တစ်ယောက် အနုပညာလမ်းပေါ် စတင်ဝင်ရောက်ခဲ့တဲ့အချိန်က ၂၀၁၉ ခုနှစ်မှာဖြစ်ပါတယ်။ ၂ နှစ်အတွင်း ကမ္ဘာကျော်သွားတဲ့ Mimiyuuuh ရဲ့ ဆန်းထချက်ကြီးကတော့ လုံးဝကိုကြောက်ခမန်း လိလိပါပဲ။



Youtube မှာဆိုရင်လည်း Mimiyuuuh ရဲ့ subscriber က ၄.၁၆ သန်းတောင်ရှိပါတယ်။ Mimiyuuuh ကို အပြောင်ပုံစံလေးတွေပဲမြင်နေရတာများတော့ အပြင်မှာရော ဘယ်လိုမျက်နှာလေးလဲသိချင်နေတာ။ တော်တော်ချစ်စရာလေးပဲနော်။ အသားအရေလည်း တော်တော်ကိုကောင်းပါတယ်။