ယနေ့ကျရောက်လာတဲ့မွေးနေ့မှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့တဲ့ ရွှေမန်းသဘင်မင်းသားကြီး ဦးချမ်းသာ - Myanmarload

ယနေ့ကျရောက်လာတဲ့မွေးနေ့မှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့တဲ့ ရွှေမန်းသဘင်မင်းသားကြီး ဦးချမ်းသာ

https://s9.kh1.co/29/29f2a6e75e3bcd6d79e3b3c7636ff4e069870ada.jpg
အနုပညာရှင်များ
 24-Nov-2021 10am · 4 days ago

တစ်ချိန်ကအောင်မြင်ကျော်ကြားခဲ့တဲ့ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ရဲ့သားဖြစ်သူ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဟိုးယခင်က သဘင်အနုပညာမှာ ပရိတ်သတ်တိုင်းက လက်ဖျားခါရလောက်အောင် ထူးချွန်ပြောင်မြောက်တဲ့ အလင်္ကာကျော်စွာရွှေမန်းဦးတင်မောင် ကို ပရိတ်သတ်တွေအနေနဲ့ မှတ်မိကြမှာပါ။ အလင်္ကာကျော်စွာ ဦးရွှေမန်းတင်မောင် ကွယ်လွန်ခဲ့ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ မျိုးဆက်တွေဖြစ်တဲ့ သားသမီးများက ရွှေမန်းသဘင်ကို ဆက်လက်ဦးစီးလုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=363,h=519,q=100/01/012838d27f4d54529cc415172e884007dc4999be.png
Photo Credit From Original Uploader

ဒီကနေ့ဟာတော့ အလင်္ကာကျော်စွာ ဦးရွှေမန်းတင်မောင်ရဲ့ အငယ်ဆုံးသားဖြစ်သူ ရွှေမန်းဦးချမ်းသာရဲ့ မွေးနေ့မင်္ဂလာရက်မြတ်ကလေးပဲဖြစ်ပါတယ်။သူဟာလည်း ဖခင်နည်းတူ သဘင်ပညာများအား တကယ်ကို စိတ်ပါဝင်စားစွာဖြင့် ထူးချွန်ပြောင်မြောက်သူတစ်ဦးဖြစ်တာကြောင့် ပရိတ်သတ်တွေအကြား အောင်မြင်သူတစ်ဦးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=343,h=343,q=100/9a/9a673175ff4b2e3094c2867d40ae9441cac1f8b1.jpg
Photo Credit From Original Uploader
https://s9.kh1.co/__image/w=411,h=403,q=100/67/67e4b5e560d0d2fecad27d02390ec6a0534ca327.jpg
Photo Credit From Original Uploader

ဦးချမ်းသာဟာ ဒီနေ့ကျရောက်တဲ့ (၆၃) နှစ်ပြည့် မွေးနေ့မှာ ဘုရားသို့သွားရောက်ကာ ကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင် ဘုရားရင်ပြင်တော်ပေါ်ရှိ ပုဂ္ဂိုလ်အချို့အား အလှူဒါနတစ်ချို့ပြုလုပ်ကာ ကုသိုလ်ယူခဲ့ပါသေးတယ်။စိတ်ထားကောင်းလွန်းတဲ့ ရွှေမန်းသဘင်မင်းသားကြီး ဦးချမ်းသာတစ်ယောက် ကျန်းမာပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/6d/6dcbd245c08ead031953e09ec6f06879f0ca88a7.jpg
Photo Credit From Original Uploader
https://s9.kh1.co/__image/w=650,h=867,q=100/04/04a34eb52226a2f0f44a4a00b798fbaacda710df.jpg
Photo Credit From Original Uploader
https://s9.kh1.co/__image/w=650,h=1156,q=100/26/2696b5070ae4a740bea820d6b41df6acb5eac1fa.jpg
Photo Credit From Original Uploader
https://s9.kh1.co/__image/w=650,h=488,q=100/a6/a6b2b3540cde1259768b87a28bce96e1823a3357.jpg
Photo Credit From Original Uploader
https://s9.kh1.co/__image/w=650,h=1156,q=100/f2/f219fecdae07682b529f805c1ed2fa0080aae9f2.jpg
Photo Credit From Original Uploader
https://s9.kh1.co/__image/w=650,h=1156,q=100/0e/0ee3aa0462646e7a6a81976a4b29d5cbb3484c30.jpg
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်ဆောင်းပါး