Olivia Rodrigo ဟာ ၂၀၂၁ ခုနှစ်ရဲ့ တက်သစ်စ အနုပညာရှင်တွေထဲ အအောင်မြင်ဆုံး အမျိုးသမီးငယ်တစ်ယောက်ဖြစ်ပါတယ်။ အသံကောင်းပြီး အရည်အချင်းရှိရုံတင်မက ရုပ်ရည်ပြေပြစ်ချောမောပြီး Fashion sense လည်း ရှိတာ ဘယ်လိုမှ ငြင်းမရပါဘူး။
ကိုဗစ်ရောဂါကြောင့် facebook livestream သာ လုပ်ခဲ့ဲ့ရတဲ့ မနေ့ညက Grammy ဆု ဆန်ကာတင်စာရင်း ကြေညာပွဲမှာ ကိုယ်တွေရဲ့ အလှကလေးဟာ ပိုလို့တောင် တောက်ပလာခဲ့ပါတယ်။

၂၀၂၁ နှစ်စ သူ့ရဲဲ့ အောင်မြင်ကျော်ကြားလှတဲ့ Debut သီချင်း Drivers license ကို စထုတ်တုန်းက အသက် ၁၈ နှစ် ပြည့်ပြီးကာစလေးပဲ ရှိပါသေးတယ်။ ၁၉၉၈ က Lauryn Hill ပြီးရင် အမေရိကားရဲ့ Spotify playlist မှာ debut song နဲ့ နံပါတ်တစ်ရခဲ့တဲ့ ပထမဆုံး မိန်းကလေးဖြစ်ပါတယ်။ မကြာသေးမီက ထွက်ရှိတဲ့ Sour album ကလည်း အလွန် လူကြိုက်များ အောင်မြင်ထားပါတယ်။

Grammy မှာ Olivia တစ်ယောက် ဆန်ကာတင် ဝင်ထားတဲ့ နေရာ ၇ ခုတောင် ရှိပါတယ်။
1. Best new artist
2. Album of the year - Sour
3. Record of the year - Drivers License
4. Song of the year - Drivers License
5. Best pop solo performance - Drivers License
6. Best pop vocal album - Sour
7. Best music video - Good 4 U

Olivia လေးဟာ Grammy ရဲ့ ထိပ်ပိုင်းဆုကြီး ၄ခုမှာ ဆန်ကာတင်စာရင်းဝင်တဲ့ ပထမဆုံး ဖိလစ်ပိုင်နွယ်တစ်ယောက်ဖြစ်ပြီး ဒုတိယ အသက်အငယ်ဆုံးလည်း ဖြစ်ပါတယ်။
Pop လောကရဲ့ အတောက်ပက်ပဆုံး ကောင်မလေးအတွက် နောက်လည်း အောင်မြင်မှုတွေ အများကြီးရလာဦးမယ်လို့ အားလုံးက ခန့်မှန်းထားကြပါတယ်။ Grammy ဆုပေးပွဲကို ဇန်နဝါရီ ၃၁ မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
