ထိုင်းသရုပ်ဆောင်မင်းသား Alek Theeradej ဟာဆိုရင်သူရဲ့ချစ်သူထိုင်းသမီးလေး Bow Melda တွဲနေပြီဖြစ်ကြောင်းကို တရားဝင်ပြောလိုက်ပါပြီ။ တွဲနေတဲ့အချိန်ကာလကတော့ ၂ လကျော်လောက်တောင်ရှိနေပြီလို့ သိရပါတယ်။ သူတို့နှစ်ယောက်ဟာ အရမ်းကို လိုက်ဖက်လွန်းလို့ ပရိသတ်တွေအနေနဲ့လည်း တွဲပေးထားပြီး သဘောတူထားကြတာပါ။
"ကျွန်တော်တို့နှစ်ယောက်ကို သဘောတူထားကြတဲ့သူတွေလည်း အများကြီးပါပဲ။ ဒီလိုအရာမျိုးတွေက အချိန်ယူရပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အရမ်းမလောဘဲဖြေးဖြေးချင်းသွားနေခဲ့တာပါ။ ကျွန်တော်က ၃၂ နှစ်လေ။ အသက်ကလည်းတော်တော်ကြီးနေပြီ။ တစ်ခုခုလုပ်တော့မယ်ဆိုလည်း သေချာတွေးရတယ်။ ပြောတော့မယ်ဆိုလည်း သေချာတွေးရတယ်။ ဒါပေမယ့် ကျွန်တော့် Relationship ကိစ္စနဲ့ပတ်သတ်ပြီးပြောရရင်တော့ တော်တော်ယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့တွဲနေပြီဖြစ်တဲ့ကိစ္စကို အခုလို ထုတ်ဖော်ပြောကြားရတာ ဝမ်းသာပါတယ်။"

Alek အနေနဲ့လည်း အသက် ၃၀ ကျော်လာပြီဖြစ်တာကြောင့် Single အဖြစ်ထပ်ပြီး မနေချင်တော့ပဲ အခုလို ချစ်သူကောင်မလေးတစ်ယောက်ထားလိုက်တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

Bow Melda နဲ့ ရိုက်ကူးရင်းလုပ်ရင်း တွေ့ခဲ့ကြတာဖြစ်ပေမယ့် ရိုက်ကူးရေးလုပ်နေစဉ်မှာ အရမ်းကြီး မရင်းနှီးခဲ့ကြဘူးလို့ ဆိုပါတယ်။ ပရိသတ်တွေကလည်း သူတို့အတွဲလေးက အရမ်းကို လိုက်ဖက်မှုရှိလွန်းလို့ တွဲကြဖို့ ဝိုင်းပြီးတွန်းအားပေးကြပါတယ်။ အရမ်းကို ချစ်ဖို့ကောင်းတဲ့အတွဲလေးက အပြင်မှာအခုလို တကယ့်စုံတွဲလေး ဖြစ်လာပြီဆိုတော့ အားလုံးကလည်း လုံးဝကို သဘောတူပြီး ဝမ်းသာပျော်ရွှင်နေကြပါတယ်။
