မိဘတွေရဲ့ အမွေပြတ် စွန့်လွှတ်ခြင်း ခံလိုက်ရတဲ့ ဦးကျော်သက်လင်း

//s9.kh1.co/54/548e7a94321f7e1c934d50dbce8ac81de20966bb.jpeg
အနုပညာရှင်များ

 ၂၁-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၅ နှစ် က

ဇနီးဖြစ်သူကလည်း ၎င်းနှင့်မသက်ဆိုင်တော့ကြောင်းကို .......

MRTV က အစောဆုံး CDMလုပ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူ ပြန်ကြားရေးဝန်ကြီးဌာန ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သက်လင်းဟာ ယခုလက်ရှိမှာ တောခိုခဲ့ပြီး စစ်ပညာသင်ယူကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။ တောတွင်းမှာ အပင်ပန်းဒုက္ခခံ ကြိုးပမ်းနေတဲ့ ဦးကျော်သက်လင်းက ကိုဗစ်၊ ငှက်ဖျားနဲ့တုပ်ကွေးရောဂါ ဝေဒနာတွေကနေ လွတ်မြောက်ပြီး ကျန်းမာလာခဲ့တာလည်း ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/5c/5c65ce730aa82c145c3fe998f91ffc10e0252a73.jpeg
https://s9.kh1.co/__image/w=650,h=651,q=100/73/732b32e8f2e6c5999a70b31d00b9193d26756a75.jpeg
https://s9.kh1.co/__image/w=650,h=955,q=100/fa/fa6dba3c9fbe8ec24bcf5787388c28c6cdec5e4c.jpeg

မတရားမှုကို တော်လှန်ပြီး အမှန်တရားဘက်ကနေ ရပ်တည်နေတဲ့ ဦးကျော်သက်လင်းဟာ ယခုအချိန်မှာလည်းမိဘတွေရဲ့ အမွေပြတ် စွန့်လွှတ်တာကို ခံလိုက်ရသလို သူရဲ့ ဇနီးဖြစ်သူကလည်း ၎င်းနှင့်မသက်ဆိုင်တော့ကြောင်းမြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၃၀)မှာ ထည့်သွင်းကြော်ငြာခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=849,q=100/f3/f37633231bd60259a5be78bfb5970ff62803901c.jpeg
https://s9.kh1.co/__image/w=650,h=1124,q=100/b4/b4c48af61964c6cf1e94f2056a7f566f512ec3fc.jpeg

သူ့ခံစားချက်လေးကို "ဒါအချစ်လား...?

သေချာလား.....?

ပြန်စဥ်းစားကြည့်တော့ 

အဖြေကိုရှာမရ.....

ကိုယ်ပေါင်းဖက်ပေးခဲ့တဲ့

ထောင်ချီတဲ့ မဂ်လာမောင်မယ်တွေ

ရွှေလက်တွဲမြဲကြစေဖို့

ဒီဦးလေးကြီးက ယတြာချေပေးလိုက်တယ်လို့ပဲမှတ်ယူကြပါတော့...

https://s9.kh1.co/__image/w=650,h=796,q=100/cf/cf728893018d15523a9f6d4877947e97606bed6b.jpeg

၄၀ ကျော်ကတည်းက

တက်လိုက်တဲ့ ပြသာနာ

ပျက်လိုက်တဲ့ နာမည်

လုပ်ခဲ့ဘူးတဲ့ အမှားများ

ခုထိ မိသားစုတကွဲတပြား

မကျေနပ်သေးဘူးလား ကံဇာတ်ဆရာ။

ခုချိန်ထိတော့ အောင့်လာတဲ့

ဘယ်ဘက်ရင်အုံကိုဖိရင်း တည်ငြိမ်စွာရင်ဆိုင်လျက်ပါ။" ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=548,h=409,q=100/96/96864d89949d10d26d56630633ce72494e8caab4.jpeg
https://s9.kh1.co/__image/w=569,h=504,q=100/5d/5db1bca3c7c56ade39fdf6964fe9b8d34523edf7.jpeg
https://s9.kh1.co/__image/w=650,h=489,q=100/51/5160225585c10bae9bebac3cea1a7e1a22f5a9aa.jpeg

Photo Credit & Source: U Kyaw Thet Linn’s Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T