ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေတဲ့ သရုပ်ဆောင်မင်းမော်ကွန်းဟာ လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာမှာရောက်ရှိနေခဲ့ပြီး ကိုယ်တတ်နိုင်တဲ့ဖက်ကနေ အာဏာရှင်ကို တော်လှန်ရေးမှာ အစွမ်းကုန်ပါဝင်နေခဲ့ပါတယ်။ အနုပညာသမား အဖြစ်ကနေ အောင်မြင်မှုတွေကို စွန့်လွှတ်ကာ မတရားမှုကိုတော်လှန်သူအဖြစ် ရဲရဲဝံ့ဝံ့ကူးပြောင်းခဲ့ပြီးနောက် ကိုယ့်ရဲ့ရပ်တည်ချက်အတွက်လည်း နောက်မဆုတ်တမ်းတိုက်ပွဲဝင်နေခဲ့ပါတယ်။


အရင်က နှင်းဆီအငြိမ့် အဖွဲဝင်တစ်ဦးလဲဖြစ် မင်းသားတစ်ဦးလဲဖြစ်တဲ့ မင်းသားချော မင်းမော်ကွန်း ဟာ လက်ရှိမှာတော်လှန်ရေးအတွက် တိုက်ပွဲအောင်မြင်ဖို့ အစွန်းကုန်ကြိုးစားနေတာလဲဖြစ်ပါတယ်။ဒီနေ့ဒီအချိန်ထိလဲ ရောက်တဲ့နေရာကနေ လိုအပ်တာတွေကို ပါဝင်ကူညီနေကြတာလည်းဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း တော်လှန်ရေးမှာဖြစ်ခဲ့တဲ့ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကြောင့် စိတ်ထိခိုက်နေရပေမယ့် စိတ်ဓာတ်မကျဘူးဆိုပြီးပြောလာတာ ဖြစ်ပါတယ်။



" ဝမ်းနည်းစိတ်ထိခိုက်ပေမယ့်
စိတ်ဓါတ်ကတော့ဘူးကွ
သူရဲကောင်းတွေမှအများကြီး
မင်းတို့ခွေးဇတ်မသိမ်းမချင်း
ထပ်ထပ်ပေါ်လာမှာ
မင်းတို့ကိုနွှာဖို့စောင့်နေတဲ့သူတွေ
တပြုံတခေါင်းကြီး
ထမင်းဝအောင်စားထား
မပြောတော့ဘူး
ခေါင်းဖြီးထား
ခေါင်းလျော်ထား
ခေါင်းဦးကောင်းကောင်းနဲ့
ဝအောင်အိပ်ထား" ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ရေးသားထားတာပဲ ဖြစ်ပါတယ်။
သူ့ရဲ့ပိုစ်အောက်မှာ မင်းမော်ကွန်း နဲ့ ထပ်တူစိတ်ထားချင်းတူတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ အားပေးတဲ့ပရိသတ်တွေရဲ့ အားမာန်အပြည့်နဲ့ ထောက်ခံထားတဲ့ စကားတွေ ရေးသားထားတာကို တွေ့ရပါတယ်။



Source : Kyaw Kyaw Htay Lwin's Facebook acc





