သူငယ်ချင်းဖြစ်သူ ဇေယျာသော်အကြောင်း ဂရုဏာဒေါသောဖြင့် ဝမ်းနည်းကြေကွဲဖွယ် ခံစားချက်များဖွင့်ထုတ်လာခဲ့တဲ့ အဆိုတော်အာဇာနည်

//s9.kh1.co/c1/c1917bb8b1521572b60a7ec335791eb18dda3a8b.jpg
အနုပညာရှင်များ

 ၂၀-နို-၂၀၂၁ ၉am · လွန်ခဲ့သော ၄ နှစ် က

အဆိုတော်အာဇာနည်ဟာ သူရဲ့မိတ်ဆွေဖြစ်သူ ကိုဖြိုးဇေယျာသော်(ခ)ဇေယျာသော်ကို.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

နိုဝင်ဘာ(၁၈)ရက်နေ့က စစ်ကောင်စီဟာ NLD အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ ကိုဖြိုးဇေယျာသော် (ခ) အဆိုတော်ဇေယျာသော် ကို နိုင်ငံရေးလှုပ်ရှားမှုများကြောင်းဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဒီသတင်းဟာ အနုပညာ အသိုင်းအဝိုင်းတစ်ရပ်လုံးသာမက တစ်တိုင်းပြည်လုံးမှာရှိတဲ့ပြည်သူတစ်ရပ်လုံးကိုပါ စိတ်မကောင်းဖြစ်စေခဲ့တဲ့သတင်းတစ်ရပ်ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ကိုဇေယျာသော်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ လို့ခေါ်လို့ရတဲ့ အဆိုတော် အာဇာနည်ဟာလည်း ဒီသတင်းအတွက်အလွန်စိတ်မကောင်းဖြစ်ရကြောင်း ခံစားချက်များဖွင့်ဟလာခဲ့ပါတယ်။သူနှင့်ကိုဇေယျာသော်ဟာ တကယ့်ညီအစ်ကိုတွေလိုပေါင်းခဲ့ကြတာဖြစ်ပြီး အနုပညာလုပ်ငန်းများကိုလည်းအရင်ကတူတူလုပ်ကိုင်ခဲ့ကြသူများဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

 အဆိုတော် အာဇာနည်ဟာ ကိုဇေယျာသော်နှင့်ပတ်သက်ပြီး “လွတ်လပ်ပြီးတရားမျှတမှုအတွက်စတေးပြီးလုပ်တယ်ဆိုတာ ထမင်းစားတဲ့သူတိုင်းသိတယ် ငါ့သူငယ်ချင်းအကြောင်း ငါတို့ပိုသိတာပေါ့ စိတ်ဓါတ်ကောင်းတယ် စောက်ကျင့်ယုတ်စိတ်လုံးဝမရှိတဲ့ကောင်ကွာ ဒီလိုဖြစ်ရတာ တရားလားမတရား ဆိုအဖြေကအရှင်းကြီး အဲ့တော့ စိတ်ဓါတ်ခိုင်မာဖို့ ပိုအရေးကြီးသွားတာပေါ့ ဇွဲဆိုတဲ့စကား အလကား မဖြစ်စေရ သတ္တိရှိကြ လပြည့်နေ့ရဲ့လမင်းကြီးတောင် မထိန်လင်းခဲ့တာ သက်သေပဲ “ လို့ စိတ်မကောင်းဖြစ်စွာဆိုလာခဲ့ပါတယ်။အဆိုတော်အာဇာနည်ဟာလည်းပြည်သူနှင့်တစ်သားတည်းရပ်တည်ခဲ့တဲ့ ပြည်သူ့အနုပညာရှင်ဖြစ်ပြီး လက်ရှိမှာနိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရတာကြောင့် ရှောင်တိမ်းနေရတာဖြစ်ပါတယ်။ကိုဇေယျာသော်တစ်ယောက်လည်း ဘေးရန်ကင်းရှင်းစွာနှင့်အမြန်ဆုံးပြန်လည်လွတ်မြောက်လာပါစေ။အဆိုတော်အာဇာနည်လည်း ဘေးရန်ကင်းရှင်းတဲ့နေရာမှာ ကျန်းမာပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T