ငယ်ရုပ်လုံးဝမပျောက်ဘဲ ကြီးပြင်းလာပြီး အခုချိန်အထိ နုပျိုနေဆဲဖြစ်တဲ့ ထိပ်တန်းမင်းသမီးအိန္ဒြာကျော်ဇင်ရဲ့ ငယ်ဘဝပုံရိပ်လေးများ

//s9.kh1.co/69/69a037fd37cf65724423759f3307e872b0537ca4.jpeg
အနုပညာရှင်များ

 ၁၉-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၅ နှစ် က

မအူဝဲက အခုအသက်အရွယ်ထိကို ငယ်ရုပ်လေးမပျောက်သေးဘဲ ချောမောနုပျိုနေတုန်းပဲ .......

ပြည်သူချစ် သရုပ်ဆောင်  နိုင်ငံကျော် ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်ကတော့ အပီပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာ ၊အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။  အနုပညာလောကမှာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကောင်းပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်မှုတွေနဲ့အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းခဲ့တာ ယနေ့ထိ တိုင်ပါပဲ။ မင်းသားချောပြေတီဦးနဲ့အေးချမ်းသာယာတဲ့အိမ်ထောင်ရေးလေးကို ထူထောင်ကာချစ်စရာကောင်းလွန်းတဲ့ သားသားမီးမီးလေးတွေနဲ့အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလေးလည်းဖြစ်ပါတယ်။

Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader

အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ဆိုရင်လည်း အိန္ဒြာကျော်ဇင် က ပြည်သူလူထုနဲ့တစ်သားတည်းရပ်တည်ခဲ့တာပဲဖြစ်ပါတယ်.။ အိန္ဒြာကျော်ဇင် ဟာဆိုရင် နွေဦးတော်လှန်ရေးရဲ့လူထုလှုပ်ရှားမှုမှာလည်း တက်တက်ကြွကြွနဲ့လမ်းမပေါ်ထွက်ကာလွတ်လပ်စွာနဲ့ဆန္ဒ ဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုပါဝင်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ၅၀၅ က နဲ့ ခင်ပွန်းဖြစ်သူသရုပ်ဆောင် ပြေတီဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။အောက်တိုဘာလ၁၈ ရက်နေ့က ပုဒ်မ (၅၀၅ က)နဲ့ အမှုဖွင့်ခံရတဲ့ အနုပညာရှင်တချို့ကို အမှုပိတ်သိမ်းကြောင်းထုတ်ပြန်ခဲ့ပေမဲ့ အကျဉ်းကျခံနေရတဲ့ ထင်ရှားတဲ့အနုပညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့တော့ မပါလာသေးပါဘူး။

Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader

အိန္ဒြာကျော်ဇင်ကို  မွေးမွေးကတည်းက "... အူဝဲ အူဝဲ.... " လို့ ပီပီသသ အသံဆာဆာနဲ့ငိုခဲ့လို့ "အူဝဲ" ဆိုပြီး အိမ်ခေါ်အမည်လေးတွင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ မအူဝဲက အသက် 44 နှစ်ကျော်နေပေမယ့်လည်း ဖက်ရှင်ဘုရင်မအဖြစ်အားလုံးကအသိအမှတ်ပြုခြင်းခံရသလိုနုပျိုလှပပြီး ချစ်စရာကောင်းနေတဲ့သူဆိုလည်း မမှားပါဘူး။ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် မအူဝဲက နုဖက်နေပြီး ငယ်ငယ်ကတည်းက အရမ်းချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း မအူဝဲရဲ့ ငယ်ငယ်တုန်းကပုံလေးမြင်တွေ့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Pathy Pathy 
Photo Credit: Pathy Pathy 
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Pathy Pathy
Photo Credit: Pathy Pathy
Photo Credit: Pathy Pathy 
Photo Credit: Pathy Pathy 
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Pathy Pathy
Photo Credit: Pathy Pathy
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T