ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အဆိုတော်မိုးသက်နိုင်အား ရည်စူးပြီး ကြည်နူးစရာအလှူလေးကို ပြုလုပ်ပေးခဲ့တဲ့ နေထူးနိုင်

//s9.kh1.co/a7/a7fe57da17885eaa71082b589cd01c0fa4c841f8.jpg
အနုပညာရှင်များ

 ၁၉-နို-၂၀၂၁ ၁၁am · လွန်ခဲ့သော ၄ နှစ် က

.

မြန်မာသံစဥ်တွေနဲ့ ဂီတလောမှာ အောင်မြင်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော် မိုးသက်နိုင်ကတော့ ချစ်တဲ့ ပရိသတ်တွေနဲ့ အနုပညာမောင်နုမတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၂)ရက်နေ့ကပဲ အပြီးအပိုင်နှုတ်ဆက်ထွက်ခွာ သွားခဲ့ပြီဖြစ်ပါတယ်။ မိုးသက်နိုင် ကွယ်လွန်သွားချိန်မှာတော့ အသက် (၃၃) နှစ်သာရှိသေးပြီး မြန်မာသံစဥ်လောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ရပါတယ်။

Photo Credit - Moe That
Photo Credit - Moe That

မိုးသက်နိုင်ဟာ အဆိုတော်အနေနဲ့အပြင် နေထူးနိုင်ရဲ့ ဇာတ်ကားတော်တော်များများထဲမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း လျှောက်လှမ်းလာခဲ့တာ တွေ့ရပါတယ်။ ယမန့်နေ့ကတော့ ညီအစ်ကိုလို ချစ်ခင်ရတဲ့ နေထူးနိုင်ကတော့ ကြည်နူးစရာ အလှူလေးကို ပြုလုပ်ပေးခဲ့ပါတယ်။ ဒီအလှူလေးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မိုးသက်နိုင်အတွက် ရည်စူးပြီး ပြုလုပ်ပေးခဲ့တဲ့ အလှူလေးပါ။

Photo Credit - Nay Htoo Naing 
Photo Credit - Nay Htoo Naing 
Photo Credit - Nay Htoo Naing 
Photo Credit - Nay Htoo Naing 
Photo Credit - Nay Htoo Naing 
Photo Credit - Nay Htoo Naing 

ကျောင်းရှိ ​သံဃာ​တော်များအား ​နေ့ဆွမ်းနှင့် သကႅန်းများ ကပ်လှူ​ပေးခဲ့ပြီး မိုးသက်နိုင်အတွက် ကောင်းမှုကုသိုလ်ကို အနုပညာညီအစ်ကို မောင်နှမတွေနဲ့အတူ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အဆိုတော် မိုးသက်နိုင်ကို ကောင်းရာမွန်ရာရောက်အောင် ဆုတောင်းမေတ္တာတွေကို ပရိသတ်တွေနဲ့အတူ ပို့သပေးပြီး နေထူးနိုင် ပြုလုပ်ပေးခဲ့တဲ့ အလှူပုံရိပ်တချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Nay Htoo Naing 
Photo Credit - Nay Htoo Naing 
Photo Credit - Nay Htoo Naing 
Photo Credit - Nay Htoo Naing 

သတင်း အရင်းအမြစ် Source - Nay Htoo Naing

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T