နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်နေပြီး ကြည့်မိသူတိုင်း ကြည်နူးအားကျသွားလောက်တဲ့ Project K အဖွဲ့ဝင် Morris ရဲ့ မင်္ဂလာလက်ထပ်ပွဲ ဗီဒီယိုလေး

//s9.kh1.co/13/13fd7d1adcbc32ddb5ca15fef8c9e847d6ff9a5a.jpg
အနုပညာရှင်များ

 ၁၇-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

.

ကိုရီးယားက အဆိုတော်လေးတွေလို့တောင် ထင်မှားရလောက်တဲ့ Project K အဖွဲ့ကို ပရိသတ်တွေအားလုံး သိမယ်ထင်ပါတယ်။ အဖွဲ့ဝင် (၇) ယောက်ဖြင့် ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့လေးဟာ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေအပြင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတောင် အသိမှတ်ပြုခြင်းခံရတဲ့ Dancer အဖွဲ့လေးပါ။ လက်ရှိမှာတော့ အအောင်မြင်ဆုံးနဲ့ နှုတ်ခမ်းနီမလေးတွေ အားပေးဝန်းရံမှုတွေ အခိုင်အမာရရှိနေတဲ့ အဖွဲ့လေးဖြစ်နေခဲ့ပြီဖြစ်ပါတယ်။

Photo Credit - ProjectK 
Photo Credit - ProjectK 

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ သူတို့အဖွဲ့ဝင်ထဲက တစ်ယောက်ဖြစ်တဲ့ Morris ဟာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ဖို့အတွက် လက်ထပ်ပွဲလေးကို ကျင်းပခဲ့ပြီပဲဖြစ်ပါတယ်။ Morris ရဲ့ လက်ထပ်ပွဲကိုတော့ ကမ်းခြေမှာ ကျင်းပခဲ့တာဖြစ်ပြီး မှတ်တမ်းတင်ထားတဲ့ ကြည်နူးစရာ ရုပ်သံဖိုင်တစ်ခုကို နာမည်ကြီး မိတ်ကပ် လင်းလင်းရဲ့ လူမှုကွန်ယက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit - Morris
Photo Credit - Morris
Photo Credit - Morris
Photo Credit - Morris

Morris ရဲ့ မင်္ဂလာလက်ထပ်ပွဲဟာ ကမ်းခြေမှာ ခမ်းနားလှပစွာကျင်းပခဲ့ပြီး အနုပညာမောင်နုမတွေကလည်း တက်ရောက် ချီးမြှင့်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အရမ်းချစ်စရာကောင်းတဲ့ သတို့သားနဲ့ သတို့သမီးတို့ကလည်း နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်နေပြီး ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲလေးဖြစ်တာကြောင့် ကြည့်မိသူတိုင်း သဘောကျစေမှာတော့ အမှန်ပါ။ ခမ်းနားတင့်တယ်စွာ မင်္ဂလာပွဲလေးကို ကျင်းပခဲ့ပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ဖြတ်သန်းတော့မယ့် Morris တို့ ဇနီးမောင်နှံနှစ်ဦးကို မင်္ဂလာရှိတဲ့ စကားလေးတွေနဲ့ ပရိသတ်တွေကလည်း ချီးမြှောက်ပေးခဲ့ပါဦးနော်...။

သတင်း အရင်းအမြစ် Source - Lin Linn

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T