ထိုင်းအနုပညာရှင်စုံတွဲတွေထဲမှာ ပရိသတ်တွေအရမ်းအားကျရတဲ့ Ter နဲ့ Davikah တို့စုံတွဲလေးက မနေ့ကဆိုရင်ချစ်သူသက်တမ်း (၄)နှစ်တောင်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်ခရီးလမ်း အစလေးကတော့ (၂၀၁၈)ခုနှစ်အလယ်ပိုင်းလောက်မှာတွဲခဲ့တာဖြစ်ပါတယ်။ Ter နဲ့ Davikah တို့က အသက် (၉)နှစ်နီးပါးကွာပေမယ့် အရမ်းလိုက်ဖက်ညီတဲ့စုံတွဲလေးဖြစ်ပါတယ်။


ဒီလိုနေ့လေးမှာ နိုင်ငံတကာက ပရိသတ်တွေကလည်း သူတို့စုံတွဲလေးအတွက် အမှတ်တရစကားတွေနဲ့အတူ ဆုမွန်ကောင်းတွေတောင်းပေးနေကြတာ ဖြစ်ပါတယ် ။ Ter နဲ့ Davikah တို့စုံတွဲက တစ်ယောက်အပေါ်တစ်ယောက်နားလည်မှုအပြည့်နဲ့ ချစ်ခင်ကြင်နာကြတာကြောင့် အခုချိန်အထိ လက်တွဲတွေခိုင်မြဲနေကြတာလည်း ဖြစ်ပါတယ် ။နှစ်ယောက်လုံးက Sweet couple လေးတွေ ဖြစ်တာကြောင့် သူတို့ချစ်သူနှစ်ဦးရဲ့အချစ်ရေးကို ပရိသတ်တွေကလည်း အရမ်းကိုအားကျနေတာ ဖြစ်ပါတယ်။


သူတို့ ချစ်သူစုံတွဲက ထိုင်းနိုင်ငံရဲ့နာမည်ကြီးအနုပညာရှင်တွေဖြစ်တာကြောင့် ဆုတွေလည်း အသီးသီးရရှိထားကြပြီး ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားပါတယ်။ Davikah တို့ချစ်သူနှစ်ယောက်က ပွဲအခမ်းအနားတွေဆိုလည်းအတူတူတက်ရောက်ကြပြီး ဇာတ်ကားတွေလည်းစုံတွဲလိုက်သရုပ်ဆောင်ကြပါတယ်။


သူမတို့နှစ်ယောက်က အခွီပိုစ့်လေးတွေကို အပြိုင်ပေးထားကြပြီး တစ်ယောက်ကိုတစ်ယောက်နွေးထွေးကြင်နာနေကြတဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေကလည်းချစ်မဝဖြစ်ခဲ့ကြပါတယ်။ ချစ်သူသက်တမ်း (၄)နှစ်ပြည့်သွားပြီဖြစ်တဲ့ ထိုင်းမင်းသားချော Ter နဲ့ မင်းသမီးချောလေး Davikah တို့စုံတွဲရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ရပါတယ်။





Source : Davikah’s Instagram acc





