ငယ်စဉ်မှ အခုချိန်ထိ ပရိတ်သတ်ကြီးချစ်ခင်လေးစားရတဲ့ တေးသံရှင် ၊ မင်းသမီးကြီး အကယ်ဒမီ ချိုပြုံးဟာ ဒီနေ့မှာ အသက်( ၇၅ ) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။သူမဟာ ပီပြင်ထိမိလွန်းတဲ့ သရုပ်ဆောင်ချက်များနှင့် ချိုမြကြည်လင်တဲ့ အသံကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ယနေ့ထိတိုင်ရရှိနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။


သူမဟာ တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့ပြီး သူမရဲ့တေးသီချင်းတိုင်းနီးပါးဟာ ပရိတ်သတ်တွေရဲ့ စိတ်အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဇာတ်ကားများစွာမှာလည်း သရုပ်ဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ ပရိတ်သတ်တွေရဲ့ အားပေးမှုများစွာကို ပိုမိုဆွတ်ခူးနိုင်တဲ့အထိကို အောင်မြင်သွားခဲ့ပြီး အကယ်ဒမီဆုများစွာကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။


သူမ ကို (၁၇.၁၁.၁၉၄၆) ခုနှစ်တွင် မွေးဖွားခဲ့တာဖြစ်ပြီး ဒီကနေ့ဟာတော့ သူမရဲ့မွေးနေ့ဖြစ်ပါတယ်။ အန်တီချိုပြုံးတစ်ယောက် ချစ်ရတဲ့ မိသားစု ၊ ပရိတ်သတ်များနှင့် နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် ဘဝကို ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။








