ဆုတွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်နေပြီး အောင်မြင်မှုတွေအများကြီးရရှိထားတဲ့ Blackpink အဖွဲ့ရဲ့ အသက်အငယ်ဆုံး ဖြစ်တဲ့ LISA ကို အားလုံးသိကြမှာပါ။ဒီတစ်ခေါက်မှာလည်း LISAဟာ သူမရဲ့မွေးရပ်မြေကပေးတဲ့ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပါတယ်။

Buriram Province ရဲ့ပညာရေးအဖွဲ့အစည်းကော်မတီဝင်များက Lisa အတွက် " ပညာရေးဘက်ကိုလည်း အားပေးအထောက်အပံ့ပြုခဲ့တဲ့ ကလေးငယ်တွေ၊လူငယ်တွေအတွက် အတုယူစရာ စံပြပုဂ္ဂိုလ် "ဆိုတဲ့ ခေါင်းစဥ်နဲ့အတူ ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပါတယ်။အဆိုပါ ဂုဏ်ထူးဆောင် ဆုပေးအပ်ပွဲကို LISA ရဲ့ကိုယ်စား သူမရဲ့မေမေကိုယ်တိုင် တက်ရောက်ပြီး ယူပေးခဲ့တယ်လို့ သိရှိရပါတယ်။


LISA ဟာ Buriram ဒေသမှာရှိတဲ့ ကလေးသူငယ်များရဲ့ ပညာရေးအတွက်ကိုလည်း အထောက်အပံ့ပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။LISA ဟာ သူမမွေးရပ်မြေအတွက် အသားလုံးဆိုင်ရောင်းအားကအစ မွေးရပ်မြေရဲ့ Tourism ပိုင်းအထိကိုပါ တဟုန်ထိုးတိုးတက်လာအောင် စကားလေးတစ်ခွန်းနဲ့တင် စွမ်းဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။


ဂုဏ်ယူရပါတယ် ကောင်မလေးရေ