တောင်ကိုရီးယား မိန်းကလေးအဆိုတော်တစ်ဖွဲ့ဖြစ်တဲ့ BLACK PINKအဖွဲက အာရှနိုင်ငံတွေမှာ သာမက အနောက်ဥရောပနိုင်ငံတွေ အထိပါ ထိုးဖောက် အောင်မြင်နေကြတာ ဖြစ်ပါတယ်။ BLACK PINKအဖွဲ့ဟာ အဖွဲ့လိုက်အောင်မြင်မှုတွေသာမက တစ်ဦးချင်း solo အနေနဲ့လည်း အောင်မြင်မှုများစွာရရှိထားတာဖြစ်ပါတယ် ။ BLACK PINKအဖွဲ့ရဲ့member တစ်ဦးဖြစ်တဲ့ Lisa က သူမရဲ့ solo album ထွက်ရှိလာခဲ့တာဖြစ်ပြီး သူမရဲ့ LALISA ဆိုတဲ့ music videoက ထွက်ရှိပြီး နာရီပိုင်းအကြာမှာ YouTube viewersပေါင်း သန်းနဲ့ချီကာရရှိခဲ့တာဖြစ်ပါတယ်။



မနေ့ညက ကျင်းပခဲ့တဲ့ Global Nubia Awards (GNAs) 2021 ပွဲမှာ BLACKPINK အဖွဲ့ဝင် Lisaက ၂၀၂၁တစ်နှစ်တာလုံးရဲ့ Female K-pop Idol Of The Year Award (Queen Of K-pop)ဆုကို ရရှိခဲ့ပါတယ်
နာမည်ကျော် ထိုင်း Raper နဲ့ Dancer တစ်ယောက်ဖြစ်တဲ့ Lisa ဟာဆိုရင် လွှမ်းမိုးနိုင်စွမ်းရှိပြီး ထူးချွန်တဲ့အမျိုးသမီး artistကို ပေးအပ်ချီးမြှင့်တဲ့ ဒီspecial awardကို ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။


ဆန်ခါတင်စာရင်းမှာဆိုရင် နာမည်ကျော်ကြားတဲ့ idol တွေဖြစ်တဲ့ Jennie, Rose,Tzuyu, IU, Hwasa, CL, IRENE တို့လို အစရှိတဲ့ထက်မြက်ကျော်ကြားတဲ့ K-POP IDOL တွေလည်းအများအပြားလည်းပါဝင်ခဲ့ပြီး Lisa က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Lisa က ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံပေါင်း ၈၃နိုင်ငံက votesတွေကို လက်ခံရရှိခဲ့ပြီး Thailand, Japan, Indonesia, the United States, Brazil, South Koreaနဲ့ Singaporeတို့က votingအများဆုံးပေးကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်


ကမ္ဘာ့နေရာအသီးသီးမှ မဲများစွာလည်းရရှိခဲ့တာကြောင့် LISA ဟာ 2021 ခုနှစ် Queen Of K-POP Award ကို ရရှိထားသူအဖြစ် တရားဝင်ကြေငြာလိုက်တာဖြစ်ပါတယ်။


Source: Spin or Bin Music