လူရွှင်တော်မိုးစက်ဟာ ဆရာဦးသျှန်ထွဏ်းဆီမှာ အသံသွင်းပြန်လာရင်းနဲ့ တောင်ဒဂုံ ကွေ့မမှတ်တိုင်နားမှာ ကလေးကစားစရာရောင်းနေတဲ့အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘဘတစ်ယောက်ကို တွေ့တာနဲ့ သူလှူဖို့သွားခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

သူတွေ့လိုက်ရတဲ့ ဘဘဟာ အနုပညာသမား တစ်ယောက်ဖြစ်ပြီး အသံတုပညာရှင် ဦးရဲဆွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။အသံတုပညာရှင် ဦးရဲဆွေဟာ သူ့ကိုလုံးဝ မသိသလို သူကနေပဲ ဘဘ ဒီနှုတ်ခမ်းမွှေးက ဘယ်လိုရောင်းလဲ လို့မေးလိုက်ပါတယ်။ ၅၀၀ လို့ ဘဘက ဖြေပြီး သူက နောက်ထပ် ဦးထုပ်လေးကရော ဘဘ ဘယ်လောက်လဲလို့ မေးလိုက်တဲ့အခါ ဦးထုပ်လေးကလည်း ၅၀၀ ကျပ်လို့ ဆိုပါတယ်။

ဘဘကို သူနှစ်ခုလုံးယူမှာကြောင့် နည်းနည်းလျော့ပေးနော် ၁ သိန်းဘဲ ထား လို့ သူပြောလိုက်တဲ့အခါ ဘဘက သူ့ကို စနေတယ်အထင်နဲ့ ရယ်မောပြီး ရပါတယ်ဗျာ လို့ ဆိုပါတယ်။လူရွှင်တော်မိုးဇစက်ဟာ ဘဘအတွက် ဦးထုပ်နဲ့နှုတ်ခမ်းမွှေးဖိုးကျသင့်ငွေ ၂၀၀၀ ကျပ်အပြင် ဘဘလိုအပ်တာ သုံးဖို့အတွက် ၁ သိန်းကျပ်ကိုလည်း လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။


အနုပညာသမားဖြစ်တဲ့ အသံတုပညာရှင် ဦးရဲဆွေလည်း ဝမ်းသာနေသလို လူရွင်တော်မိုးစက်အနေနဲ့ သူ့အနေနဲ့ ဒီလိုကူညီလိုက်ရတဲ့အတွက် အဲဒီနေ့ဟာ တန်ဖိုးဖြတ်မရတဲ့ ပီတိတွေ အပျော်တွေ တစ်ပွေ့တစ်ပိုက် ခံစားရတဲ့နေရက်လေးတစ်နေ့ဖြစ်ကြောင်း ဝေမျှလာတာကို ပရိတ်သတ်တွေဝမ်းသာပီတိဖြစ်ဖို့ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။