မြူးကြွလှပရောင်စုံည အစီအစဉ်တွင် "ပန်းနီနီမပေးနဲ့နော် ပန်ချင်ဖူး" ဟုသီဆိုခဲ့သူ ဗီဒီယိုသရုပ်​ဆောင်ယဉ်လတ်​နေအိမ် ဗုံး​ပေါက်

//s9.kh1.co/a4/a40f84bf120d2bee219f8baf5e61cfda46d98a73.jpeg
အနုပညာရှင်များ

 ၁၅-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

အဲဒီအရှေ့မှာ ဒလန်တစ်ယောက်လည်း ပစ်သတ်ခံရပြီး ဗုံးက ရေစင်ကို ထိသွား....

သရုပ်ဆောင်ယဉ်လတ်က အောက်တိုဘာ ၁၃ ရက်မှာ ရန်ကုန်စစ်ရုံးချုပ်ရှိရာ ကုန်းမြင့်သာ၌ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အနုပညာရှင်တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင်ရဲ့ ရုပ်သံမီဒီယာတွင် မြူးကြွလှပ ရောင်စုံည အစီအစဉ်မှာလည်း သီချင်းသီဆိုခဲ့သူဖြစ်ပြီး သီချင်းတစ်ပုဒ်လုံးကို သံစဉ်အလိုက် မှန်ကန်အောင် မဆိုနိုင်လို့  ​ဝေဖန်ခံ​နေရသူလည်းဖြစ်ပါတယ်။ 

Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader

ဒီကနေ့နိုဝင်ဘာ ၁၅ ရက်မနက်ပိုင်းမှာပဲ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် ဥဿဖယားလမ်းရှိ ဗီဒီယိုသရုပ်​ဆောင်ယဉ်လတ်​နေအိမ် ဗုံး​ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်းသိရပါတယ်။ ယဉ်လတ်နေအိမ်ပေါက်ကွဲမှု့မဖြစ်ခင်မှာပဲ ကျိုက္ကဆံရပ်ကွက် ပတ္တမြားလမ်းရှိ စစ်တပ်သတင်းပေးသူလို့ နာမည်ကြီးနေတဲ့  မျိုးသော်အောင်လည်း သေနတ်ဖြင့်ပစ်သတ်ခံရပါတယ်။ 

Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader

ဗုံးက ရေစင်ကိုပဲ ထိသွားပြီး၊ လူထိခိုက်သေဆုံးမှုမရှိကြောင်း နဲ့ အခင်းဖြစ်ပွားတဲ့ ကျိုက္ကဆံရပ်ကွက်၊ ဥဿဖယားလမ်း၊ ပတ္တမြားလမ်းနှင့် ပုလဲလမ်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ကာစစ်ဆေးစုံစမ်းမှုများပြုလုပ်လျက်ရှိခဲ့ကြောင်း သိရပါတယ်။

Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T